မြန်မာ ယူ ၁၂ က အင်ဒိုကို ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ
မလေးရှားနိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ Supermokh Cup ယူ ၁၂ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲမှာ မြန်မာလူငယ်အသင်းက အင်ဒိုနီးရှား အသင်းကို ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
မနက်ပိုင်း ပွဲစဉ်မှာ မြန်မာအသင်းက ကိုရီးယား ကလပ်လူငယ်အသင်းကို ၈ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အတွက် တနေ့တည်း ၂ ပွဲကစားပြီး ဒုတိယမြောက် အနိုင်ရရှိတာဖြစ်ပါတယ်။
အုပ်စုတခုကို ၄ သင်းနဲ့ အုပ်စု ၄ ခုခွဲပြီး အသင်း ၁၆ ပါဝင်ကစားနေတာ ဖြစ်ပါတယ်။ ဒီပွဲ အနိုင်ရတဲ့ အတွက် မြန်မာ လူငယ်အသင်းဟာ အုပ်စု နောက်တဆင့် တက်ဖို့ အခြေအနေကောင်းသွားပြီ ဖြစ်ပါတယ်။
မြန်မာ ယူ-၁၂ အသင်းဟာ Supermokh ဖလား အုပ်စု (ဂ) တွင် ကိုရီးယား၊ အင်ဒိုနီးရှားနဲ့ မလေးရှား အသင်းများနှင့် အတူ အုပ်စု တခုတည်း ကျနေပါတယ်။