မလေးရှားနိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ Supermokh Cup ယူ ၁၂ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲမှာ မြန်မာလူငယ်အသင်းက ကိုရီးယားကလပ်လူငယ်အသင်းကို ၈ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
[caption id="attachment_72906" align="aligncenter" width="509"]

ဓာတ်ပုံ - MFF[/caption]
ဒီပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားတာ ဖြစ်ပြီး ညနေပိုင်းမှာတော့ မြန်မာလူငယ်ဟာ အင်ဒိုနီးရှားလူငယ်အသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ယူ ၁၂ လူငယ်ပြိုင်ပွဲမှာ အိမ်ရှင် မလေးရှား၊ ထိုင်း၊ ကိုရီးယားနဲ့ စပိန်လာလီဂါကလပ် ဆယ်ဗီလာရဲ့ လူငယ်အသင်း အပါအ၀င် ၁၆ ကို အုပ်စု ၄ ခု ခွဲပြီး ပါဝင်ယှဉ်ပြိုင်နေတာပါ။
ဒီပြိုင်ပွဲကို မလေးရှား နိုင်ငံ ကွာလာလမ်ပူမှာ ဒီဇင်ဘာ ၅ ရက်ကနေ ၇ ၇က်နေ့အထိ ယှဉ်ပြိုင်မှာပါ။
အုပ်စု တခုစီက အမှတ်အများဆုံးရတဲ့ ၂ သင်းက ကွာတားဖိုင်နယ် ပွဲစဉ်ကို ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။