A d v e r t i s e m e n t With Us

ထိုင်းဘုရင်ကြီး ဘူမိဘော သက်တော် ၈၇ နှစ်ပြည့် မွေးနေ့ ကျင်းပ

နာမကျန်းဖြစ်ပြီး ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရတဲ့   ထိုင်းဘုရင်ကြီး ဘူမိဘော အဒူလ်ယာဒက်ရဲ့ သက်တော် ၈၇ နှစ်ပြည့် မွေးနေ့ပွဲတွေကို  ထိုင်းနိုင်ငံတ၀န်း ဒီဇင်ဘာ ၅ ရက်နေ့မှာ ကျင်းပပါတယ်။ 111205101029-thai-king-story-topထိုင်းဘုရင်ဘူမိဘောကို ခါတိုင်းလို အများပြည်သူရှေ့အဖူးမြော်ခံမယ့်အစီအစဉ်ကို ဖျက်သိမ်းဖို့  သူရဲ့သမားတော်တွေက အကြံပြုထားတဲ့အတွက် ဘုရင့်ကျန်းမာရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။ ထောင်နဲ့ချီတဲ့ ပြည်သူတွေကတော့ ဘုရင်ကြီး ကျန်းမာစေဖို့ ဘန်ကောက်မြို့က စီရီရတ်ဂ်ျဆေးရုံဆီကို စုပြုံသွားရောက်ခဲ့ကြပြီး ဆေးရုံအပြင်မှာလည်း ကမ္ဘာ့ နန်းသက်အရှည်ဆုံး ဘုရင်ကို ခဏ ဖူးမြော်ခွင့်ရဖို့  မျှော်လင့်နေတဲ့ ပြည်သူတွေ ထောင်သောင်းချီ စတည်းချ နေတာပါ။ ထိုင်းဘုရင်ကြီးရဲ့ မွေးနေ့ကို ထိုင်းနိုင်ငံရဲ့ အဖေနေ့အဖြစ် သတ်မှတ်ထားပြီး အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ကြေညာထားပါတယ်။ ထိုင်းဘုရင်ကြီးဟာ  ပြီးခဲ့တဲ့ အောက်တိုဘာလက စပြီး  သည်းခြေအိတ်ထုတ် ခွဲစိတ်ကုသမှု ခံယူဖို့ ဘန်ကောက်မြို့တော်ရှိ စီရီရတ်ဂ်ျဆေးရုံ တက်ခဲ့ရပြီး နောက်ဆုံးအကြိမ် လူထုမြင်ကွင်းကို ထွက်ခဲ့တာတော့  ပြီးခဲ့တဲ့ နိုဝင်ဘာလကပါ။ ထိုင်းနိုင်ငံမှာ  နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်နေတဲ့  ဆယ်စုနှစ်တွေအတွင်း တိုင်းပြည်ရဲ့ စည်းလုံးညီညွတ်ရေးပုံရိပ်လို ဖြစ်နေတဲ့ ဘုရင်ကို ပြည်သူအများအပြားကလည်း ကြည်ညိုလေးစားကြပြီး နတ်တပါးလို ကိုးကွယ် ယုံကြည်ကြတာပါ။ ဘုရင်ကြီးဟာ ၁၉၇၀နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေက ထိုင်းနိုင်ငံ နိုင်ငံရေး မတည်ငြိမ်မှုတွေအတွင်း နိုင်ငံတော်တည်ငြိမ်ရေး ဆော်သြမှုတွေ အကြိမ် အတော်များများ ၀င်ရောက် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ စစ်အစိုးရဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကတော့ ဘုရင့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာတလလုံး ထိုင်းပြည်သူပြည်သားတွေအားလုံး အဝါရောင်ဝတ်ဆင်ကြဖို့ ဆော်သြထားပါတယ်။ ဘုရင့်မွေးနေ့ တရားဝင်အခမ်းအနားကို တဦးတည်းသောသားဖြစ်သူ အိမ်ရှေ့မင်းသား မဟာ ဗာဂျီရာလောင်ကွန်းက ဆောင်ရွက်မယ်လို့ မျှော်လင့်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up