A d v e r t i s e m e n t With Us

တိုက်စစ်မှူး အွန်နရီ ပရီးမီးယားလိဂ်ကို ပြန်လာမည်ဟုမထင်ကြောင်း အာစင်ဝင်းဂါးပြော

တိုက်စစ်မှူး သီယာရီ အွန်နရီအနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားဖို့ ပြန်လာလိမ့်မယ်လို့ မထင်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်ပါတယ်။ henry_2129400bပြင်သစ်နဲ့ အာဆင်နယ်တိုက်စစ် မှူးဟောင်း အွန်နရီဟာ အမေရိကန်မေဂျာလိဂ်ကလပ် နယူးယောက် ရက်ဘူးအသင်းနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပဲ ကြေညာထား ပါတယ်။ အသင်းလက်မဲ့ ဖြစ်နေတဲ့ အွန်နရီနဲ့ ပက်သက်လို့ အာဆင်နယ်နည်းပြက ခန့်မှန်း ပြော ဆိုလိုက်တာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် အွန်နရီဟာ သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်လို့ လာမယ့် ရက်ပိုင်းအတွင်းမှာ ဆုံးဖြတ်သွားဖို့  ရှိနေပါတယ်။ သူဟာ အာဆင်နယ်အသင်းမှာ ကစားသမားဘ၀တုန်းက အသင်းအတွက် ပွဲပေါင်း ၃၇၇ ပွဲမှာ ၂၂၈ ဂိုး သွင်းပေးထားပြီး အသင်းရဲ့ စံချိန်တင် ဂိုးသွင်းရှင်အဖြစ်လည်း စံချိန်တင် ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up