မိုဟာမက်အမည် ဗြိတိန်တွင် ခေတ်စား

1K
ဗြိတိန်နိုင်ငံမှာ မွေးကင်းစ ကလေးတွေကို နာမည်ပေးရာမှာ မိုဟာမက်ဆိုတဲ့ နာမည်ဟာ ပေါ်ပြုလာအဖြစ်ဆုံးလို့ ဘေဘီစင်တာ အင်တာနက် စာမျက်နှာ စစ်တမ်းက ဆိုပါတယ်။
[caption id="attachment_72877" align="alignright" width="401"]
ဗြိတိန် မင်းသား ဂျော့ခ်ျကို မွေးနေ့ မတိုင်မီ သဘာဝသမိုင်း ပြတိုက်မှာ တွေ့မြင်ရစဉ်[/caption]
အရင်က အိုလီဗာ၊ ဂျက်ဆိုတဲ့ နာမည်တွေ အများဆုံး လွမ်းမိုးထားတဲ့နိုင် ငံ မှာ သိသာ ထင်ရှားတဲ့ ယဉ်ကျေးမှု အပြောင်း အလဲ ဖြစ်ပြီး များပြားလာ တဲ့ ရွှေ့ပြောင်းနေ ထိုင်သူတွေရဲ့ သက်ရောက် မှုကြောင့်လို့ ယူဆရတယ်လို့ သတင်းက ဆိုပါတယ်။
မွတ်စလင်မိသားစုတွေမှာ ပထမဆုံး သားယောက်ျားလေးကို မိုဟာမက်ဆိုတဲ့နာမည် ပေးလေ့ပေးထရှိတယ်လို့ ဘေဘီစင်တာက မန်နေဂျင်း အယ်ဒီတာက ဆာရာ ရက်စ်ရှောက ပြောပါတယ်။
ဗြိတိန်မှာ မွတ်စလင်တွေက လူနည်းစု ဖြစ်ပြီး လက်ရှိ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိနေတာ ဖြစ်ပါတယ်။
“တခြား အာရေဗျနဲ့ အိန္ဒိယ ကလေးနာမည်တွေ များလာတာနဲ့အတူ ထိပ်တန်း နာမည် ၁၀၀ က ဗြိတိန်မှာ ကွဲပြားခြားနားမှုတွေ တိုးလာတယ်ဆိုတာ ပြနေပါတယ်” လို့ သူက ပြောပါတယ်။
ဒါပေမယ့် ဗြိတိန် သတင်းစာတွေကတော့ ဘေဘီစင်တာရဲ့ စာရင်းဇယားကို မေးခွန်းထုတ်နေပါတယ်။
ဂါးဒီယန်းသတင်းစာကတော့ ဗြိတိန်အစိုးရရဲ့ တရားဝင်စာရင်းဇယား အရ မိုဟာမက်ဟာ ပေါ်ပြူလာမဖြစ်ဘဲ အော်လီဗာ၊ ဂျက်နဲ့ ဟယ်ရီတွေက လွှမ်းမိုးထားတယ်လို့ ဆိုပါတယ်။
ဒါအပြင် မိုဟာမက်ဟာ အင်္ဂလန်နဲ့ ဝေလ်းနယ်မှာ ပေါ်ပြူလာအဆင့် ၁၅ နေရာမှာ ရှိပြီး စကော့တလန်မှာတော့ အဆင့် ၅၂ မှာ ရှိနေတယ်လို့ ဆိုပါတယ်။