ပရဟိတ အဖွဲ့များ ပူးပေါင်ပြီး Volunteer Day ပြုလုပ်မည်

ဒီဇင်ဘာ ၇ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ Volunteer Day အထိမ်းအမှတ်အဖြစ် ပရဟိတအဖွဲ့ ၄၀ ကျော်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဈေးရောင်းပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ logo_eng_boldဈေးရောင်းတာက ရတဲ့ အကျိုးအမြတ်တွေကို ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေ အတွက် စောင်နဲ့ အနွေးထည်တွေ သွားရောက်လှူဒါန်းမယ်လို့ ပရဟိတ လူငယ်များ ကွန်ရက်က မခိုင်ဝတ်ရည်က ပြောပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအလုပ်တွေ လုပ်နေတဲ့ Myanmar Youths in Action အဖွဲ့ကတော့ အသုံးမလိုပဲ ပိုနေတဲ့ ပစ္စည်းအချင်းချင်း လဲလှယ်မယ့် Re Use Concept အစီအစဉ်ကို လုပ်သွားမှာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ Volunteer Day က ဒီဇင်ဘာ ၅ ရက်နေ့မှာ ကျရောက်တာ ဖြစ်ပေမယ့် အားလုံးပါဝင်နိုင်ဖို့အတွက် ၇ ရက်နေ့ကို ရွေးချယ်လိုက်တာဖြစ်ပြီး နေ့လယ် ၂ နာရီကနေ ည ၈ နာရီ အထိ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up