A d v e r t i s e m e n t With Us

ရုရှားတွင် ရေနံစိမ်းလီတာ သန်းချီ ယိုစိမ့်

ရေနံစိမ်းလီတာ သန်းချီပြီး ပိုက်လိုင်းထဲကနေ ရုတ်တရက်စီးထွက်လာလို့ အစ္စရေးတောင်ပိုင်း ဂျော်ဒန်နယ်စပ်နားက သဘာဝကြိုးဝိုင်း ဧက ၂၀၀ လောက်ကို လွှမ်းမိုးခဲ့တယ်လို့ အရာရှိတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က ပြောပါတယ်။ 23BD606300000578-0-image-a-53_1417708284589အစ္စရေး သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကတော့ ပင်လယ်နက်အပန်းဖြေစခန်းသာမြို့ ဖြစ်တဲ့ အိလတ်ရဲ့ မြောက်ဘက် ၁၂ မိုင်အကွာက အခင်းဖြစ်ရာနေရာရဲ့ ကောင်းကင်ဓာတ်ပုံတွေကို ဖြန့်ချိလိုက်ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ညက  အီလတ် အက်ရှ်ကေလွန်ပိုက်လိုင်းကို ပြုပြင်ထိန်းသိမ်းရေး လုပ်နေတုန်း မတော်တဆ ကျိုးပေါက်ခဲ့တာလို့ အစ္စရေးရေဒီယိုက အစီရင်ခံပါတယ်။ အစ္စရေး သဘာဝနဲ့ ပန်းခြံအာဏာပိုင်အဖွဲ့က ဒိုရွန် နစ်ဆင် ကတော့  ရေနံစိမ်းတွေ စီးအိုင်နေပြီး ရှားပါး ဒီးယားနဲ့ ဒေါင်မားထန်းပင်တွေ ရှိရာ အဲ့ဗ်ရိုနာ သစ်တောကြိုးဝိုင်းရဲ့ ဧက ၄၂၅၀ အကျယ်ကို ပျံ့နှံ့မယ့်ပုံပေါ်တယ်လို့ ဆိုပါတယ်။ မိုးသည်းမှု မရှိတဲ့အတွက် ရေနံစိမ်းတွေကို ဆေးချသလိုဖြစ်ပြီး ပင်လယ်နီထဲက ပင်လယ်သတ္တ၀ါတွေကို ဘေးသင့်မယ့် အခွင့်အလမ်းတော့ နည်းသွားတယ်။ ဒါပေမယ့် အင်းဆက်နဲ့ တွားသွား သတ္တ၀ါတွေကိုတော့ ဘေးသင့်မယ်လို့ သူက ဆက်ပြောပါတယ်။ လူ ၃ ယောက်က အငွေ့တွေ ရှုမိလို့ ဆေးရုံတင်ထားရတယ်လို့ ရဲက ပြောပါတယ်။ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန အရာရှိကတော့ ရေနံစိမ်း လီတာသန်းချီ ယိုဖိတ်မှုကို ပြန်ပြီး နဂိုအတိုင်း ဖြစ်အောင် လုပ်ဖို့ လနဲ့ချီ အချိန်ယူရမယ်လို့ အစ္စရေးရေဒီယိုကို ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up