A d v e r t i s e m e n t With Us

မြန်မာ မြေမြှုပ်မိုင်း ဆက်လက်ထုတ်လုပ်သုံးစွဲဟု ဆို

မြန်မာနဲ့ ဆီးရီးယားနိုင်ငံအစိုးရတပ်ဖွဲ့တွေ မြေမြှုပ်မိုင်းကို ဆက်လက်သုံးစွဲနေတာကို အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံပေါင်း ၁၀၀ မှာ မိုင်းတားဆီးရေးလုပ်ဆောင်နေတဲ့ နိုင်ငံတကာ မြေမြှုပ်မိုင်းတားဆီးရေးအဖွဲ့ (အိုင်စီဘီအယ်လ်) က ပြောပါတယ်။ ၂၀၁၃ ခုနှစ် စက်တင်ဘာကနေ ၂၀၁၄ ခုနှစ် အောက်တိုဘာအတွင်း အသုံးပြုခဲ့တာဖြစ်ပြီး မြန်မာကတော့ မြေမြှုပ်မိုင်းအသစ်တွေ အသုံးပြုတာကတော့ သိသိသာသာ ကျဆင်းလာတယ်ဆို့ ပါတယ်။ land mine copyကမ္ဘာပေါ်မှာ လက်ရှိအချိန်ထိ မြေမြှုပ်မိုင်းထုတ်လုပ်တဲ့ နိုင်ငံ ၄ နိုင်ငံရှိပြီး ဒီအထဲမှာ အိန္ဒိယ၊ ပါကစ္စတန်၊ တောင်ကိုရီးယားတို့နဲ့ အတူ မြန်မာကလည်း ပါဝင်နေတယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။ မြန်မာနဲ့ ဆီးရီးယားတို့ဟာ မြေမြှုပ်မိုင်း တားဆီးရေး စာချုပ်ကို လတ်မှတ်ရေး မထိုးထားဘူးလို့ မြေမြှုပ်မိုင်းစောင့်ကြည့်ရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြေမြှုပ်မိုင်း တားဆီးရေးစာချုပ်ကို နိုင်ငံ ၁၆၂ နိုင်ငံက လတ်မှတ်ရေးထိုးထားပါတယ်။ ဒါအပြင် မြန်မာအပါအ၀င် အာဖဂန်နစ္စတန်၊ ကိုလံဘီယာ၊ လစ်ဗျား၊ ပါကစ္စတန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံက လက်နက်ကိုင်အဖွဲ့တွေကလည်း မြေမြှုပ်မိုင်းကို အသုံးပြုတယ်လို့ ဆိုပါတယ်။ အာဖဂန်နစ္စတန်၊ ကိုလံဘီယာ၊ မြန်မာ၊ ပါကစ္စတန်နဲ့ တူနီးရှားနိုင်ငံက လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း မြေမြှုပ်မိုင်းကို ထုတ်လုပ်ပေမယ့် ကြုံရာကျပန်း ဖြစ်သလို ဖန်တီးထားတယ်လို့ ရေးပါတယ်။ ၂၀၁၃ ခုနှစ်မှာ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ မြေမြှုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာရသူ နည်းသွားသလို အသုံးပြုသူနဲ့ ထုတ်လုပ်တာတွေလည်း ရပ်သွားတယ်လို့ ရေးပါတယ်။ ၂၀၁၂ ခုနှစ် မြေမြှုပ်မိုင်းနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ထိုင်း-မြန်မာနယ်စပ်ဟာ ဒေသတွင်းမှာ  မြေမြှုပ်မိုင်း အများဆုံးဖြစ်ပြီးတော့ ကရင်ပြည်နယ်ဟာ မြေမြှုပ်မိုင်းကြောင့် သေဆုံးတာတွေ အများဆုံးရှိ နေတယ်လို့ ရေးသားပါတယ်။

A d v e r t i s e m e n t With Us

More News
Up