A d v e r t i s e m e n t With Us

လီဗာပူးအသင်း၏ အန်ဖီးလ်ကွင်း ဒီဇင်ဘာ ၈ ရက်နေ့ စတင်တိုးချဲ့မည်

ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းရဲ့ အန်ဖီးလ်ဘောလုံးကွင်း တိုးချဲ့တည်ဆောက်တဲ့ လုပ်ငန်းကို လာမယ့် ဒီဇင်ဘာ ၈ ရက်နေ့ စတင်သွားမှာ ဖြစ်ပါတယ်။ w640xh480_4336313ပရိသတ် ထိုင်ခုံအရေအတွက်ကို မူလရှိတဲ့ ၄ သောင်း ၅ ထောင် ၅ ရာကနေ ၅ သောင်း ၉  ထောင်အထိ တိုးမြှင့်တည်ဆောက်သွားမယ်လို့ လီဗာပူးက သတင်းထုတ်ပြန်ထားပါတယ်။ ဥရောပချန်ပီယံ ၅ ကြိမ် ဖြစ်ဖူးထားတဲ့ လီဗာပူးအသင်းဟာ ကွင်းတိုးချဲ့တည်ဆောက်မှု လုပ်ငန်းကို ပေါင်သန်း ၁၀၀ အသုံးပြုဖို့ စီစဉ်ထားပါတယ်။ ပထမဆုံးအနေနဲ့  အဓိက ပွဲကြည့်စင်ဘက်မှာ ရှိတဲ့ ထိုင်ခုံအရေအတွက်ကို ၈၃၀၀  တိုးမြှင့်တပ်ဆင်ရေးအတွက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ တိုးချဲ့ တည်ဆောက်တဲ့ လုပ်ငန်းတွေကို လာမယ့် ၂၀၁၆ နဲ့ ၁၇ ခုနှစ် ဘောလုံးရာသီမှာ အဆုံးသတ်နိုင်ဖို့ အသင်းက မျှော်လင့်ထားပါတယ်။ ဘောလုံးကွင်းကို အသစ်တိုးချဲ့တဲ့စီမံကိန်းထဲမှာ  အစည်းအဝေးခန်းမတွေ၊ ဈေးဆိုင်ခန်း တွေနဲ့ ကားရပ်နားတဲ့နေရာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up