အိန္ဒိယတွင် ကျောင်းကားနှင့်ရထား တိုက်မှုဖြစ်ပွား

836
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ် မောင်မြို့က ရထားလမ်းကူးတခုမှာ ကျောင်းကားတစီးက ရထားနဲ့ တိုက်မိခဲ့လို့ ကလေး ၅ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရကြောင်း ဒီဇင်ဘာ ၄ ရက်နေ့ သတင်းတွေက ဖော်ပြပါတယ်။
ဒဏ်ရာရ ကလေးတွေ ကိုတော့ ဒေသ တွင်းဆေးရုံကို အမြန်တင်ပို့ခဲ့ ပါတယ်။ မျက်မြင် သက်သေ ရာမဲ့ရှ်က ဒေ သ ခံတွေဟာ အာဏာ ပိုင်တွေ ဆီကနေ ရထားလမ်းကူး တံခါးအသစ် လုပ်ပေးဖို့ တောင်းဆိုနေတာ ကြာပြီဖြစ်ပြီး တောင်းဆိုချက်မရခဲ့ဘူးလို့ ပြောပါတယ်။
ရထားလာတာကို ကားသမားက သတိမထားမိတာကြောင့် ကားကို ရထားက တိုက်မိတာလို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
အိန္ဒိယရဲ့ မီးရထားလမ်းတွေက ဘေးကင်းရေးစံချိန်တွေ ညံ့ဖျင်းတယ်လို့ လူသိများပြီး ဝန်ကြီးချုပ် မိုဒီကလည်း ပြင်ဆင်ဖို့ ကတိပြုပြီးသားပါ။
အိန္ဒိယရဲ့ မြေယာအဆောက်အဦနဲ့ အားနည်းတဲ့ ဥပဒေအာဏာတည်မှုတွေက ယာဉ်ကြောပိတ်ဆို့မှုနဲ့ လိုင်စင်မဲ့ ကားမောင်းသမားတွေကြောင့် ရထားနဲ့တိုက်မိတဲ့ မတော်တဆမှုတွေက ဖြစ်နေကျပါ။ ၂၀၁၀ ခုနှစ်မှာ မတော်တဆမှုကြောင့် လူ ၂ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပါတယ်။