A d v e r t i s e m e n t With Us

ဂျာမန်ဘွန်ဒတ်စ်လီဂါ ဘောလုံးပြိုင်ပွဲတွင် ဂိုးစည်းလိုင်းနည်းပညာ အသုံးပြုတော့မည်

ဂိုးစည်းလိုင်းနည်းပညာကို ဂျာမန်ဘွန်ဒတ်စ်လီဂါ ဘောလုံးပြိုင်ပွဲတွေမှာ လာမယ့် ၂၀၁၅၊ ၂၀၁၆ ရာသီကစပြီး အသုံးပြုတော့မှာ ဖြစ်ပါတယ်။ downloadပြီးခဲ့တဲ့ဘောလုံးရာသီမှာတုန်းက ဒီနည်းပညာကို အသုံးပြုဖို့ ဘောလုံးအသင်း အများစု ငြင်းဆန်ခဲ့ပေမယ့် အခုအခါမှာတော့ အများစုရဲ့ ဆန္ဒမဲတွေနဲ့ အသုံးပြုဖို့ ဆုံးဖြတ်လိုက်တာပါ။ ဂျာမန်ဘောလုံး အဖွဲ့ချုပ်က လောလောဆယ် ပရီးမီးယားလိဂ်မှာ သုံးနေတဲ့ သိန်းငှက် မျက်လုံး စနစ်ကို မွန်းမံ ပြင်ဆင်ပြီး အသုံးပြုသွားမယ်လို့ ပြောဆိုထားပါတယ်။ လောလောဆယ်မှာ ဂိုးစည်းလိုင်း နည်းပညာကို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုထားပါတယ်။ ဘောလုံးပြိုင်ပွဲတွေမှာ ကွင်းလယ်ဒိုင်တွေရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်များလာပြီး နောက်ပိုင်းမှာ ဂိုးစည်းလိုင်း နည်းပညာကို အသုံးပြုမှု များလာတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up