လှိုင်သာယာစက်မှုဇုန်တွင် မီးလောင်၊ မီးသတ်သမားအချို့ ဒဏ်ရာရ
DVB
·
December 5, 2014
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ မှာရှိတဲ့ မြန်မာဆန်နီဖိနပ်စက်ရုံမှာ ဒီဇင်ဘာ ၄ ရက်နေ့ည ၁၂ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးက ဒီဇင်ဘာ ၅ ရက်နေ့ မနက် ၂ နာရီခွဲ လောက်အထိ အချိန်တော်တော်ကြာ လောင်ကျွမ်းခဲ့ပြီး ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မီးသတ်စခန်းတွေက မီးသတ်ယာဉ် အစီး ၄၀ကျော် လာရောက် ငြိမ်းသတ်ခဲ့ရပါတယ်။
အခု မီးလောင်မှုကို ငြိမ်းသတ်ရင်း မီးသတ်ရဲ့ဘော်တချို့ ဒဏ်ရာရရခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
[gallery ids="72837,72838,72839"]