ကင်ဂျုံအန်း နာမည်ကို တခြားတဦးကို အမည်မပေးရဟု မြောက်ကိုရီးယား အမိန့်ထုတ်

1.2K
ခေါင်းဆောင် ကင်ဂျုံအန်းနာမည်ကို တခြားတစုံတဦးကို အမည်ပေးတာ မပြုရဘူးလို့ မြောက်ကိုရီးယားက အမိန့်ထုတ်လိုက်ပါတယ်။
ဒါအပြင် ကင်ဂျုံအန်းအမည်ပေးထားတဲ့ လူတွေကလည်း တခြားနာမည်သစ်ကို မိမိတို့သဘောဆန္ဒနဲ့ ပြောင်းလဲ ခေါ်ဝေါ်ရမယ်လို့ တောင်ကိုးရီးယား ကေဘီအက်စ်သတင်းက ဆိုပါတယ်။
ကင်ဂျုံအန်းဆိုတဲ့ နာမည်ဟာ မြောက်ကိုရီးယားက အမျိုးသားနဲ့ အမျိုးသမီး အများစုက ခေါ်ဝေါ်အသုံးပြုကြတဲ့ နာမည်တွေလည်း ဖြစ်ပါတယ်။
“မွေးစာရင်းတွေကို လာရောက်ပြီး တင်ပြရာမှာ ကျနော်တို့ရဲ့ ရဲဘော် ဗိုလ်ချုပ်နာမည်နဲ့ တူနေရင် လူထုလုံခြုံရေး အေဂျင်စီက မှတ်ပုံတင်တာကို ခွင့်မပြုဖို့နဲ့ တခြား နာမည်ကို အသုံးပြုရမယ်” လို့ အစိုးရရဲ့ ညွန်ကြားစာက ရေးသားထားတယ်လို့ ဆိုပါတယ်။
အရင်က ကင်ဂျုံအန်း အဖေ ကင်ဂျုံအီးလ်နဲ့ အဖိုး ကင်အီဆွန်း လက်ထက်တွေမှာလည်း ဒီလို အမိန့်မျိုးတွေ ထုတ်ပြန်ခဲ့ပါတယ်။
၁၉၇၀ ခုနှစ် နောက်ပိုင်းကနေ စတင်ပြီးတော့ ဒီလို တားမြစ်တာတွေကို လူတွေကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သလို ကင်ဂျုံအီလ်းရဲ့ အမေ ကင်ဂျုံဆွတ်နဲ့ ကင်အီးဆွန်းရဲ့ အမေ ကန်ဘန်ဆပ်တို့ နာမည်တွေကိုလည်း ပေးပိုင်ခွင့် မရှိပါဘူး။