အီဂျစ်နိုင်ငံရဲ့ အထင်ရှားဆုံးနဲ့ ရှေးအကျဆုံး အစ္စလာမ်ဘာသာရေးတက္ကသိုလ်ကြီးရဲ့ အကြီးအကဲက အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေရဲ့ လုပ်ရပ်တွေကို ဒီဇင်ဘာ ၃ ရက်နေ့က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ကိုင်ရိုမြို့က Al Azhar တက္ကသိုလ်ကြီးဟာ အစ္စလာမ္မစ်ဘာသာရေး တက္ကသိုလ်ကြီးတွေထဲမှာ အလေးစားခံရဆုံး၊ ဂုဏ်သိက္ခာအကြီးဆုံး နဲ့ ရှေးအကျဆုံး ဘာသာရေး တက္ကသိုလ်ကြီးဖြစ်ပြီး တက္ကသိုလ်ကြီးရဲ့ အကြီးအကဲဟာလည်း ကမ္ဘာလုံးက ဆွန်နီမွတ်စလင်တွေအပေါ်မှာ လွှမ်းမိုးမှုအရှိဆုံးလို့ ဆိုပါတယ်။
Al Azhar တက္ကသိုလ်အကြီးအကဲ Sheikh Ahmed al-Tayeb က အိုင်အက်စ်အကြမ်းဖက်တွေဟာ အစ္စလာမ်ဘာသာကို ဂုဏ်သိဏ္ခာညှိုနွမ်းအောင်၊ ညစ်စွန်းအောင် လုပ်ဆောင်နေတယ်၊ ဘာသာရေးအကြောင်းပြပြီး လူမဆန်တဲ့ သတ်ဖြတ်မှုတွေလုပ်နေတယ်ဆိုပြီး ပြစ်တင်ရှုတ်ချခဲ့တာပါ။
ကိုင်ရိုမြို့မှာ ကျင်းပတဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး ကွန်ဖရင့်တခုမှာ အခုလို ပြစ်တင်ရှုတ်ချခဲ့တာဖြစ်ပြီး ကမ္ဘာတ၀န်းက မွတ်စလင်တွေက အိုင်အက်စ်အကြမ်းဖက်လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချနေတဲ့တချိန်တည်းမှာ အခုလို ပြစ်တင်ရှုတ်ချခဲ့တာပါ။