A d v e r t i s e m e n t With Us

ဆယ်ကျော်သက်အရွယ်တွင် မုဒိမ်းကျင့်ခံခဲ့ရဟု လေဒီဂါဂါဖွင့်ဟ

ဆယ်ကျော်သက်အရွယ်မှာ မုဒိမ်းကျင့်ခံခဲ့ရတယ်လို့ အဆိုတော် လေဒီဂါဂါက ဖွင့်ဟ ပြောကြားလိုက်ပါတယ်။ Lady Gagaအသက် ၁၉ နှစ်အရွယ်မှာ မုဒိမ်းကျင့်ခံရတာ ဖြစ်ပြီး ဒီစိတ်ဒဏ်ရာကနေ ပြန်လည် သက်သာအောင် နှစ် အတော်ကြာအောင် ကုစားခဲ့ရတယ်လို့ သူက ပြောပါတယ်။ ၂၀၁၃ ခုနှစ်က ထုတ်ခဲ့တဲ့ အပ်ပေါ့ဆိုတဲ့ အယ်လ်ဘမ်က လူယုတ်မာဆိုတဲ့ သီချင်းအကြောင်း ကို ဆွေးနွေးရာမှာ အခုလို ပြောဆို ခဲ့တာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ပြောဆိုခဲ့ခြင်း မရှိပေမယ့် မုဒိမ်းကျင့်ခဲ့သူက သူထက် အသက် ၂၀ ကျော်ကြီးတယ်လို့ လေဒီဂါဂါက ပြောပါတယ်။ “တကယ်ကို ထိတ်လန့် ကြေကွဲစရာပါ၊ ဘယ်သူကိုမှ မပြောခဲ့ပါဘူး” လို့ လေဒီဂါဂါက ရေဒီယို အစီအစဉ်တခုမှာ ပြောသွားပါတယ်။ ဒီဖြစ်ရပ်ကို ဘယ်သူကိုမှ မတိုင်ခဲ့သလို မုဒိန်းကျင့်တဲ့သူကို ပြန်တွေ့ရာမှာတော့ အကြောက်တရားကြောင့် ဆွံ့အသွားတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up