A d v e r t i s e m e n t With Us

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ဆိုင်းဘုတ် စိုက်ထူခွင့်မပြု

ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်
ဒီဇင်ဘာ ၂၇ ရက်မှာ ပြုလုပ်မယ့် ရန်ကုန်မြို့​တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ ဝင်​ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်​လောင်း​တွေရဲ့ ​ကြော်ငြာဆိုင်းဘုတ်​တွေကို စိုက်ထူခွင့်ပြုမှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့​တော်ဝန်က ​ပြောကြားလိုက်ပါတယ်။ [caption id="attachment_72808" align="alignleft" width="443"]ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်[/caption] သာ​ကေတမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်က တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ် ဦး​ဇော်ဝင်းနိုင်​ မေးမြန်းတဲ့ ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီ အဆင့်ဆင့်​ ရွေး​ကောက်ပွဲတွေနဲ့ ပတ်သက်ပြီး ​မေးမြန်းတဲ့ ​ကြယ်ပွင့်ပြ​မေးခွန်းကို မြို့​တော်ဝန်က ပြန်လည်​ဖြေကြားခဲ့တာပါ။ ရန်ကုန်မြို့​တော်ဝန် ဦးလှမြင့်က “ကော်မတီဝင်အဆင့်ဆင့်​ရွေးချယ်ခံမယ့် ကိုယ်စားလှယ်​လောင်း ၂၉၃ ဦး ရှိတဲ့အတွက် ကိုယ်စားလှယ်​လောင်းတဦးချင်းစီကို ​ကြော်ငြာဆိုင်းဘုတ်တွေ စိုက်ထူခွင့်ပြုပါက ဆိုင်းဘုတ်တွေရှုပ်​ထွေးများပြားပြီး မြို့​တော်ရဲ့ အလှအပ ပတ်ဝန်းကျင်ကို အ​နှောက်အယှက်ဖြစ်နိုင်တဲ့အတွက် ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီမှ ခွင့်ပြုထားခြင်း မရှိပါဘူး” လို့ ပြောပါတယ်။ ဒါ​ပေမယ့် လက်ကမ်းစာ​စောင်​တွေဖြန့်​ဝေခွင့်နဲ့ အခြားမဲဆွယ်စည်းရုံးခြင်းလုပ်ငန်း​တွေကို ဥပ​ဒေနဲ့အညီ​ဆောင်ရွက်ခွင့်ပြုမှာဖြစ်သလို  မြို့​တော်​နေပြည်သူတွေ ​ရွေး​ကောက်ပွဲမှာ သိရှိပူး​ပေါင်းပါဝင်နိုင်​ရေးအတွက် ​ရွေး​ကောက်ပွဲ​ကော်မရှင်ရဲ့အစီအစဉ်နဲ့ ​ရွေး​ကောက်ပွဲနဲ့ ပတ်သတ်တဲ့ လှုံ့​ဆော်​ရေး​ကြော်ငြာဆိုင်းဘုတ်တွေကို ခရိုင်အလိုက် လူစည်ကားရာ​နေရာတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ဆိုင်းဘုတ်စုစု​ပေါင်း ၂၀ ​ကျော် စိုက်ထူ​ပေးဖို့ စီစဉ်​ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ မဲဆန္ဒရှင်​တွေ ဆန္ဒမဲလက်မှတ်ထုတ်ယူရာမှာ အခက်အခဲနဲ့ အချိန်ကြန့်ကြာမှု မရှိ​စေ​ရေးအတွက် မဲရုံတရုံကို မဲ​ပေးသူဦး​ရေ ၃၀၀ သတ်မှတ်ထားတယ်လို့လည်း မြို့​တော်ဝန်က ဆက်​ပြောပါတယ်။ ဒါ့အပြင် မဲရုံတရုံမှာ မဲရုံအဖွဲ့ဝင် ၁၆ ဦးရှိမှာဖြစ်ပြီး ကိုယ်စားလှယ် သုံးမျိုးရှိတဲ့ မြို့နယ်တွေမှာ ဆန္ဒမဲလက်မှတ်ထုတ်​ပေးသူ ၃ ဦးစီ ထားရှိ​ပေးသွားမယ်လို့ ဆိုပါတယ်။ နည်းဥပ​ဒေ ၄၁ အရ မဲရုံမှူးကို ဆန္ဒမဲ​ပေးဖို့ သတ်မှတ်ထားတဲ့အချိန်​စေ့တဲ့အခါ မဲရုံပိတ်ရမှာဖြစ်​ပေမယ့် မဲရုံမပိတ်မီ မဲရုံပရဝုဏ်အတွင်း ဆန္ဒမဲ​ပေးဖို့​ ရောက်ရှိ​နေတဲ့ ဆန္ဒမဲမ​ပေးရ​သေးသူတွေရှိပါက စာရင်း​ကောက်ယူပြီး အဲဒီလူတွေကို ဆန္ဒမဲ​ပေးချိန်​ကျော်လွန်ပြီးဖြစ်​စေကာမူ ဆန္ဒမဲ​ပေးခွင့်ပြုရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် ည​နေ ၄ နာရီ မတိုင်ခင် မဲရုံပရဝုဏ်အတွင်း​ ရောက်ရှိ​နေသူတွေကို  ဆန္ဒမဲ​ပေးခွင့်ပြုသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးနိုင်ခွင့်ရှိသူ ၄ သိန်း နီးပါးလောက် ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင်ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ အခုလို မဲပေးတင်မြှောက်နိုင်တဲ့ ရွေးကောက်ပွဲမျိုးကို ၁၉၄၉ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး မပြုလုပ်နိုင်ခဲ့တာဟာ ဆယ်စုနှစ်ပေါင်း ခြောက်စုကျော် ရှိနေပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up