A d v e r t i s e m e n t With Us

တိုင်းရင်းသားစာပေ ဆရာ ဆရာမများအတွက် ထောက်ပံ့ကြေးရရှိရန် ခက်ခဲနေ

မွန်ပြည်နယ်က အစိုးရကျောင်းတွေမှာ တိုင်းရင်းသားစာပေသင်ကြားနေတဲ့ ဆရာ၊ ဆရာမ တွေအတွက် ထောက်ပံ့ကြေးငွေတွေ ရရှိဖို့ တင်ပြတောင်းခံရာမှာ အခက်အခဲတွေ ရှိနေပါတယ်။ mon schoolမွန်ပြည်နယ်အတွင်း အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ တိုင်းရင်းသားစာပေ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေအတွက် လစာငွေရရှိဖို့ တင်ပြတောင်းခံရမှာ အခက်ကြုံနေရတယ်လို့ ချောင်းဆုံမဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ဒီဇင်ဘာ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ မွန်ပြည်နယ် လွှတ်အစည်းအဝေး ပထမ နေ့မှာ မေးမြန်းလိုက်တာပါ။ “တိုင်းရင်းသားစာပေသင်ကြားနေတဲ့ ဆရာတွေ လုပ်အားခရရှိရေးအတွက် ကျောင်းစုံ၊ မြို့နယ်စုံက ရန်ပုံငွေတင်ပြတောင်းခံရမှာ တချို့မြို့နယ်တွေမှာ မြို့နယ်ပညာရေးမှူးရဲ့ အချိန်မပေး နိုင်မှုတွေကြောင့် ကြန့်ကြာမှုတွေရှိနေတာကို မည်ကဲ့သို့ ကူညီဖြေရှင်းပေးမယ်ဆိုတာ ဖြေကြားပေးစေလိုပါတယ်။” မွန်ပြည်နယ်က အစိုးရကျောင်းတွေမှာ တိုင်းရင်းသားစာပေသင်ကြားနေတဲ့ ဆရာ၊ဆရာမတွေအတွက် လစာ ထောက်ပံ့ကြေးရရှိဖို့ ခက်ခဲနေသလို၊ ချောင်းဆုံမြို့နယ်က တိုင်းရင်းသားစာပေသင်ကြားနေတဲ့ ကျောင်း ၃၇ ကျောင်းက ဆရာ၊ဆရာမ ၈၀ နီးပါးဟာ အစိုးရရဲ့ထောက်ပံ့ကြေးငွေ ၃ လ စာကို ခုချိန်ထိမရရှိသေးဘူးလို့ လွှတ်တော်အစည်းဝေးမှာ တဆက်တည်း ဆွေးနွေးသွားခဲ့ပါတယ်။ ၂၀၁၃-၁၄ ပညာသင်နှစ်ကစပြီး မွန်ပြည်နယ်က တိုင်းရင်းသားစာပေသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေအတွက် လစဉ်ထောက်ပံ့ကြေးငွေ ဆရာ၊ ဆရာမတဦးကို ကျပ်ငွေ သုံးသောင်း အစိုးရက ထောက်ပံ့လာခဲ့ပါတယ်။ ဒေါက်တာ မင်းနွယ်စိုးက “ဒီဘတ်ဂျက်ငွေတွေဆိုတာ အမှတ် ၁ အခြေခံဦးစီးဌာနက ထောက်ပံ့ပေးတဲ့ငွေတွေ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် အတွေ့ကြုံတွေအရလည်း တပေါင်းတည်း ပေးအပ်တဲ့ အနေအထား ရှိပါတယ်။ ဒီနှစ်လည်း ခွဲဝေချထားမှာကတော့ သေချာပါတယ်။ ဘယ်အချိန် ချပးမလဲဆိုတာကတော့ တိတိကျကျ ပြောဆိုနိုင်ခြင်းမရှိသေးပါဘူး” လို့ ပြောပါတယ်။ မွန်ပြည်နယ်က အစိုးရကျောင်းတွေမှာ မွန်ဘာသာ၊ ပအိုဝ်းဘာသာ၊ စကောကရင်နဲ့ အရှေ့ပိုးကရင် ဘာသာတွေကို ၂၀၁၃-၁၄ ပညာသင်နှစ်ကစပြီး ကျောင်းချိန်ပြင်ပအနေနဲ့ သင်ကြားလာတာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ ကျောင်းချိန်အတွင်း သင်ကြားဖို့ကိုလည်း ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up