A d v e r t i s e m e n t With Us

မိုးခေါင်မှုနှင့်အငတ်ဘေးဒဏ် ဟွန်ဒူးရပ်စ်ပြည်သူ ၅ သိန်းကျော် ရင်ဆိုင်နေရ

ဓာတ်ပုံ - ရိုက်တာ
ပြင်းထန်ဆိုးရွားတဲ့ မိုးခေါင်မှုနဲ့ အငတ်ဘေးကြောင့် ဟွန်ဒူးရပ်စ်နိုင်ငံက လူ ၅ သိန်းကျော် ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းချုပ် (အိုင်အက်ဖ်အာစီ) က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ [caption id="attachment_72783" align="alignleft" width="450"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] နိုင်ငံတကာ လူ့အဖွဲ့အစည်းကလည်း ဟွန်ဒူးရပ်စ်ကို အမေ့ခံကပ်ဆိုက်ရာနေရာ မဖြစ်လာ အောင် ကူညီဖို့ တိုက်တွန်းလိုက်ပါတယ်။ ကမ္ဘာ့လူသတ်မှုနှုန်း အမြင့်ဆုံးနိုင်ငံ ဟွန်ဒူးရပ်စ်ဟာ အလယ်အမေရိက တလွှား ဆိုးရွား ပြင်းထန်တဲ့မိုးခေါင်မှုကြောင့် ပြောင်းနဲ့ ပဲစိုက်ခင်းတွေ ထိခိုက်ခဲ့လို့ သူ့နိုင်ငံသား ၃ သန်းနီးပါး စားဖို့ ရုန်းကန်နေရပါတယ်။ ကောက်ပဲသီးနှံသေဆုံးမှု၊ အစားအစာဈေးနှုန်းမြင့်မှုနဲ့ စိုက်ပျိုးရေးလုပ်သားတွေအတွက် အလုပ်အကိုင် နည်းပါးမှုကြောင့် အငတ်ဘေးရင်ဆိုင်နေရသူ ၅ သိန်း ၇ သောင်းကျော် ရှိတယ်လို့ အိုင်အက်ဖ်အာစီက ကြေညာချက် ထုတ်ပြန်ပါတယ်။ နိုင်ငံသား ၈ သန်းခွဲရဲ့ ၂၂.၆ ရာခိုင်နှုန်းက ကာလကြာရှည် အာဟာရချို့တဲ့မှုကို ခံစားနေရပြီး ၄၂.၅ ရာခိုင်နှုန်းကတော့ အလွန်အမင်း ဆင်းရဲမွဲတေတဲ့ အခြေအနေမှာ ရှိနေတယ် လို့ ဆိုပါတယ်။ ဘေးသင့်လူ့အဖွဲ့အစည်း ရှင်သန်နိုင်စွမ်းအတွက် အာမခံမယ့် နည်းလမ်းလည်း မရှိသေးဘူးလို့ အိုင်အက်ဖ်အာစီရဲ့ အမေရိကဆိုင်ရာ ညွှန်မှူးက ပြောပါတယ်။ အမျိုးသားမိုးလေဝသအေဂျင်စီကတော့ ဒေသတွင်း လာမယ့်လတွေမှာ မိုးနည်းမယ်လို့ ဟောကိန်း ထုတ်ထားပါတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံသား ၁၉  ရာခိုင်နှုန်းက ရေပြတ်လပ်နေပြီး ဒေသတွင်း အယ်လ်ဆာဗေဒိုနိုင်ငံက လယ်သမား အယောက် ၁ သိန်းကျော်လဲ ရေပြတ်မှုဒဏ်ကို ခံရလို့ ပဲသီးနှံ ၉၀ ရာခိုင်နှုန်း ဆုံးရှုံးလိမ့်မယ်လို့ အောက်စ်ဖန်အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဂွာတီမာလာနိုင်ငံမှာလည်း လူ ၂ သိန်းခွဲလောက် မိုးခေါင်မှုဒဏ်ကို ခံစားနေရဆဲပါ။

A d v e r t i s e m e n t With Us

More News
Up