[caption id="attachment_72770" align="alignright" width="269"]

James Rodriguez (Colombie)[/caption]
၂၀၁၄ ခုနှစ် အတွက် ကမ္ဘာဘောလုံးအဖွဲ့ချုပ် ဖီဖာက ပေးအပ်မယ့် အကောင်းဆုံးဂိုးဆု ခေါ် ပူးကပ်ရှ်ဆုအတွက် နောက်ဆုံးစကာတင် အဆင့်အနေနဲ့ ဂိုးသွင်းသူ ၃ ဦးကို ရွေးချယ်ထားပါတယ်။
ရွေးချယ်ခံထားရသူတွေကတော့ ကိုလံဘီယာ တိုက်စစ်မှူး ရော်ဒီဂွတ်ဇ်၊ ဟော်လန်အသင်းက ဗန်ပါစီနဲ့ အိုင်ယာလန် အမျိုးသမီးလိဂ်က ပီမော့ ယူနိုက်တက်မှာ ကစားနေတဲ့ ဆတက်ဖန်နီရိုခ်ျ့တို့ကို ရွေးချယ်ထားပါတယ်။
ရော်ဒီဂွတ်ဇ်ကတော့ ကမ္ဘာဖလားမှာ ဥရုဂွေးအသင်းနဲ့ကစားတဲ့ပွဲမှာ ဂိုးဧရိယာ စည်းကနေ ကန်သွင်းတဲ့ ဂိုးနဲ့ ဗန်ပါစီကတော့ ကမ္ဘာ့ဖလား စပိန်နဲ့ ကစားတဲ့ပွဲမှာ ခေါင်းတိုက်သွင်းယူသွားတဲ့ ဂိုးတွေနဲ့ ရွေးချယ်ခံရတာ ဖြစ်ပါတယ်။
[caption id="attachment_72771" align="alignleft" width="263"]

Stephanie Roche (Irlande)[/caption]
ဆတက်ဖန်နီရိုခ်ျ့ကတော့ အိုင်ယာလန် ပြည်တွင်းကလပ်ပွဲစဉ်မှာ သွင်းယူသွားတဲ့ ဂိုးနဲ့ ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ သူသွင်းယူတဲ့ဂိုးကို အင်တာနက် Youtube စာမျက်နှာမှာ တင်ထားပြီး ကြည့်ရှုသူ ၃ သန်းနီးပါးရှိသွားပြီဖြစ်ပါတယ်။ ဒီဆုကို ရရှိမယ်ဆိုရင်တော့ ပထမဆုံး အမျိုးသမီးတဦးအနေနဲ့ ဆုကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။
Fifa.comနဲ့ francefootball.fr တွေမှာ ဒီ ၃ ဦးကို မဲပေးနိုင်မှာ ဖြစ်သလို ၂၀၁၅ ဇန်န၀ါရီ ၁၂ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မှာ ဆုပေးမှာ ဖြစ်ပါတယ်။
၂၀၁၃ အောက်တိုဘာကနေ ၂၀၁၄ စက်တင်ဘာအထိ ကမ္ဘာတ၀န်းက သွင်းယူသွားတဲ့ ဂိုးတွေထဲကနေ ရွေးချယ်ပေးအပ်တာ ဖြစ်ပါတယ်။
[caption id="attachment_72772" align="alignright" width="300"]

Robin Van Persie (Pays-Bas)[/caption]
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၀ မှာ ရသအမြောက်ဆုံး အလှဆုံးဂိုးသွင်းယူသူကို ပူးကပ်ရှ်ဆုကို ချီးမြှင့်ဖို့ အတွက် စတင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၅၀ နဲ့ ၁၉၆၀ နောက်ပိုင်း စပိန် ရီးရဲမက်ဒရစ် ဘောလုံးကလပ် အသင်းက ဟန်ဂေရီ နိုင်ငံသား တိုက်စစ်မှူး ဖရန့်ပူးကပ်ကို ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။ သူဟာ နိုင်ငံတကာပွဲ ၈၅ ပွဲမှာ ၈၄ ဂိုးသွင်းစယူခဲ့ပြီး ၂၀ ရာစုနှစ်ရဲ့ထိပ်တန်း ဂိုးသွင်းသူ တဦးဖြစ်သလို ပွဲပေါင်း ၅၂၈ ပွဲမှာ ၅၁၂ ဂိုးသွင်းယူခဲ့ပါတယ်။