နေနှင့်သက်ရှိကမ္ဘာဖြစ်ပေါ်မှု လေ့လာမည့် ဥက္ကာပျံ စူးစမ်းယာဉ်တစီး စေလွှတ်

ဓာတ်ပုံ - ရိုက်တာ
နေအဖွဲ့အစည်းနဲ့ သက်ရှိကမ္ဘာ ဘယ်လို ဖြစ်ထွန်းလာတယ်ဆိုတာကို ဥက္ကာပျံတခုပေါ် ဆင်းပြီး  အသေးစိတ် လေ့လာမယ့် ဥက္ကာပျံ စူးစမ်းယာဉ်တစင်းကို ဂျပန်အာကာသအေဂျင်စီက ဒီဇင်ဘာ ၃ ရက်နေ့မှာ စေလွှတ်လိုက်ပါတယ်။ [caption id="attachment_72767" align="alignright" width="378"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] ၂၀၁၀ ခုနှစ်က ဥက္ကာပျံအပိုင်းအစတွေကို သယ်ယူခဲ့တဲ့ အရင်စီမံကိန်းကိုပဲ ပြန်အဆင့်မြင့်ထားပြီး ဒီတကြိမ်တော့ အရင်တကြိမ်ထက် ပိုအဆင့်မြင့်လုပ်ငန်းတွေကို ဆောင်ရွက်မှာလည်း ဖြစ်ပါတယ်။ စူးစမ်းယာဉ်ကို ဟာရာဘူဆာ ၂ (Hayabusa 2) လို့ အမည်ပေးထားပြီး အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကုန်ကျတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်နဲ့ ကမ္ဘာကြားမှာ နေကို လှည့်ပတ်နေတဲ့ ဥက္ကာခဲတွေထဲက တခုဖြစ်တဲ့ ၁၉၉၃ ဂျူ ၃ (1999 JU3) ဥက္ကာပျံကို ပထမ ၂ နှစ်ခွဲအတွင်း ချဉ်းကပ်ဖို့ ကြိုးစားမှာ ဖြစ်ပြီး မီသွားတဲ့အချိန်မှာ ဥက္ကာပျံ မျက်နှာပြင်ကို ၁၈ လကြာ လေ့လာမှာပါ။ ဥက္ကာပျံမျက်နှာပြင်ကို ဖောက်ခွဲပြီး ဥက္ကာပျံအတွင်းပိုင်းက အပိုင်းအစတွေကို ရယူမယ့် လုပ်ငန်းတရပ်လည်း ပါဝင်ပါတယ်။ အဲဒီလုပ်ငန်းတွေပြီးရင် ကမ္ဘာမြေကို ပြန်လာတာ ၁ နှစ် ကြာမြင့်မှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ပြန်ရောက်မယ်လို့ တွက်ချက်ထားပါတယ်။ အချိန်အားလုံး ၆ နှစ် ကြာမြင့်မှာ ဖြစ်ပြီး စူးစမ်းယာဉ်ဟာ ကီလိုမီတာပေါင်း ၅ ဘီလီယံ ခရီးပေါက်မှာ ဖြစ်ပါတယ်။ ဥက္ကာပျံအတွင်းသားဟာ ရာသီဥတုဒဏ်နဲ့ အပူဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု နည်းပြီး ကနဦးနေအဖွဲ့အစည်းဖြစ်ပေါ်လာပုံနဲ့ ကမ္ဘာလှည့်ပတ်ပုံစတဲ့ အခြေခံကျတဲ့ ပဟေဋ္ဌိတွကို အဖြေထုတ်ပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up