A d v e r t i s e m e n t With Us

ကိုလံဘီယာတွင် လေယာဉ်ပျက်ကျ၊ လိုက်ပါသူအားလုံး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
[caption id="attachment_72759" align="alignright" width="450"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] ကိုလံဘီယာနိုင်ငံမှာ ဒီဇင်ဘာ ၃ ရက်နေ့က လေယာဉ်တစီး ပျက်ကျခဲ့လို့ ကလေး ၅ ယောက် အပါအဝင် လူ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ လေယာဉ်အမှုထမ်းတွေက စက်ချို့ယွင်းမှုကို အချက်ပြခဲ့ပြီး မိနစ်ပိုင်းအကြာမှာ ခုလို ပျက်ကျတာလို့ အရပ်ဘက်လေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အမေရိကန်နိုင်ငံလုပ် အင်ဂျင် ၂ လုံးတပ် ပိုက်ပါပီအေ သာတိဝမ်း နာဗာဂျိုလေယာဉ်ဟာ ခရီးသည် ၈ ယောက်နဲ့ လေယာဉ်အမှုထမ်း ၂ ယောက်ကို တင်ပြီး နိုင်ငံအလယ်ပိုင်း တိုလီမာခရိုင်က မာရီကေတာမြို့နားမှာ အရေးပေါ်ဆင်းသက်ဖို့ ကြိုးစားနေတုန်း ပျက်ကျ မီးလောင်ခဲ့ပါတယ်။ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီပိုင်လေယာဉ်ဟာ မြို့တော် ဘိုဂိုတာနဲ့ ပစိဖိတ် ကမ်းရိုးတန်းက ကမ္ဘာ့လှည့်ခရီးသည်တွေ အပန်းဖြေရာ ဆိုလာနိုဒေသကို ပျံသန်းလေ့ ရှိတာပါ။ အခင်းဖြစ်ရာမှာ အလောင်းတွေ ပြန်ရှာဖို့ ရဲနဲ့ အရေးပေါ်လုပ်သားတွေကို စေလွှတ်ထားပါတယ်။ လေကြောင်းအာဏာပိုင်တွေကတော့ မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်း စစ်ဆေးမှုတွေ စတင်နေပါပြီ။

A d v e r t i s e m e n t With Us

More News
Up