A d v e r t i s e m e n t With Us

ထိုင်ဝမ်အာဏာရကူမန်တန်ပါတီကြီး၏ ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်

ပါတီဥက္ကဋ္ဌ၊ မာရင်ကျိုး (Ma Ying-jeou) (ဓာတ်ပုံ - ရိုက်တာ)
[caption id="attachment_72754" align="alignright" width="336"]ပါတီဥက္ကဋ္ဌ၊ မာရင်ကျိုး (Ma Ying-jeou) (ဓာတ်ပုံ - ရိုက်တာ) ပါတီဥက္ကဋ္ဌ၊ မာရင်ကျိုး (Ma Ying-jeou) (ဓာတ်ပုံ - ရိုက်တာ)[/caption] ထိုင်ဝမ်အာဏာရပါတီကြီးဖြစ်တဲ့ ကူမန်တန်ပါတီရဲ့ဥက္ကဋ္ဌက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ ဒေသဆိုင်ရာရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့တာကြောင့် ဒီဇင်ဘာ ၃ ရက်နေ့က ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ပါတီဥက္ကဋ္ဌ၊ မာရင်ကျိုး (Ma Ying-jeou) ရာထူးက နုတ်ထွက်သွားခဲ့ပေမယ့် ထိုင်ဝမ်သမ္မတအဖြစ်ကတော့ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ကူမန်တန်ပါတီဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ပြည့်မီအောင် အကောင်အထည် မဖော်နိုင်ခဲ့တာကြောင့် လူထုထောက်ခံမှု မရရှိခဲ့တာလို့ ပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ ပြောဆိုပါတယ်။ ၀န်ကြီးချုပ် ဂျီယမ် ရီ ဟွေ့ (Jiang Yi-huah) ကတော့ ရွေးကောက်ပွဲပြီးပြီးချင်းမှာပဲ ရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ပြန်လည်သုံးသပ်မှာ ဖြစ်ပြီး ရွေးကောက်ပွဲ ရှုံးနိမ့်မှုအတွက် တာဝန် အပြည့်အ၀ယူပါတယ်လို့လည်း သမ္မတ မာက ပြောဆိုပါတယ်။ ပါတီခေါင်းဆောင်သစ်ကို လာမယ့်လမှာ ပြန်လည်ရွေးချယ်မယ်လို့ ကူမန်တန်ပါတီက ပြောပါတယ်။ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ဒီပီပီပါတီက ဆန္ဒမဲနေရာ ၂၂ ခုမှာ ၁၃ နေရာ အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်အရ ထိုင်ဝမ်ပြည်သူတွေဟာ ကူမန်တန်ပါတီရဲ့ ပြည်မအစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးမူဝါဒကို မထောက်ခံဘူးဆိုတာ ပြသနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ထိုင်ဝမ်ဒီမိုကရေစီ ဖွံဖြိုးတိုးတက်ဖို့ အပြုသဘောဆောင်တဲ့ ခြေလှမ်းလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up