အမေရိကန်မေဂျာလိဂ် တန်ဖိုးအရှိဆုံး ကစားသမားအဖြစ် ရော်ဘီကိန်းကို ရွေးချယ်

1.5K
အမေရိကန်မေဂျာလိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ တန်ဖိုးအရှိဆုံး ကစားသမားအဖြစ် အယ်လ်အေဂလက်စီ အသင်းခေါင်းဆောင် ရော်ဘီကိန်းကို ရွေးချယ်လိုက်ပါတယ်။
၂၀၁၄ ခုနှစ်အတွက် မေဂျာလိဂ်ရဲ့ တန်ဖိုးအရှိဆုံး ကစားသမားဆုကို ဗောက်စ်ကွန် ကားကုမ္ဗဏီက ဒီဇင်ဘာ ၃ ရက်နေ့မှာ ပေးအပ်တာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူး ရော်ဘီကိန်းဟာ ဒီနှစ်ရာသီအတွင်း မေဂျာလိဂ်မှာ ကစားတဲ့ ၂၉ ပွဲမှာ ၁၉ ဂိုး သွင်းယူနိုင်ပြီး ၁၄ ဂိုးကို အသင်းဖော်တွေ သွင်းယူနိုင်ဖို့ ဖန်တီးပေးခဲ့ပါတယ်။
မေဂျာလိဂ်ရဲ့ တန်ဖိုးအရှိဆုံး ကစားသမားဆုကို ကလပ်အသင်း၊ ကစားသမားတွေနဲ့ မီဒီယာတွေက မဲပေး ရွေးချယ်တာ ဖြစ်ပါတယ်။