
အာရှ ယူ ၂၃ ချန်ပီယံဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲအဖြစ် မြန်မာအသင်းက အုပ်စု (အက်ဖ်) မှာ သြစတြေးလျ၊ တရုတ်(တိုင်ပေ)နဲ့ ဟောင်ကောင်အသင်းတို့နဲ့ ကျရောက်ပါတယ်။
အုပ်စုမဲခွဲတာကို အာရှဘောလုံးအဖွဲ့ချုပ် ရုံးစိုက်ရာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ ဒီနေ့ ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ် (တိုင်ပေ) မှာ ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါသည်။
အုပ်စုမဲခွဲရာမှာ အာရှဒေသ အနောက်ဘက်ဇုန်နဲ့ အရှေ့ဘက်ဇုန် ၂ ခု ခွဲထားပါတယ်။ အုပ်စု (အေ) အီရတ်၊ အိုမန်၊ ဘာရိန်း၊ လက်ဘနွန်နဲ့ မော်လဒိုက်၊
အုပ်စု (ဘီ) ဂျော်ဒန်၊ ကူဝိတ်၊ ကာဂျီစတန်(Kyrgyzstan)၊ ပါကစ္စတန်၊ တာမေနစ္စတန်၊
အုပ်စု (စီ) ဆော်ဒီအာရေဗျ၊ အီရန်၊ နီပေါလ်၊ ပါလက်စတိုင်း၊ အာဖဂန်နစ္စတန်၊
အုပ်စု (ဒီ) ယူအေအီး၊ ယီမင်၊ တာဂျစ်ကစ္စတန်နဲ့ သီရီလင်္ကာ၊
အုပ်စု (အီး) ဆီရီးယား၊ ဥဇဘက်ကစ္စန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊
အုပ်စု (အက်ဖ်) မြန်မာ၊ သြစတြေးလျ၊ တရုတ်(တိုင်ပေ)၊ ဟောင်ကောင်၊
အုပ်စု (ဂျီ) မြောက်ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်၊
အုပ်စု (အိပ်ခ်ျ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ အရှေ့တီမော၊
အုပ်စု(အိုင်) ဂျပန်၊ မလေးရှား၊ ဗီယက်နမ်နဲ့ မကာအိုအသင်း၊
အုပ်စု (ဂျေ) တရုတ်၊ လာအို၊ စင်ကာပူနဲ့ မွန်ဂိုလီယား၊ အသင်းတို့ ဖြစ်ပါတယ်။
အုပ်စု ၁၀ ခုက ပထမရတဲ့ အသင်း ၁၀ သင်းနဲ့ အကောင်းဆုံး အုပ်စုဒုတိယအသင်း ၅ သင်း၊ အိမ်ရှင် ကာတာအသင်းအပါအ၀င် စုစုပေါင်း ၁၆ သင်း ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပြီး AFC U-23 Championship Final Round ကို ၀င်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အဆိုပါ ခြေစစ်ပွဲကို လာမယ့် ၂၀၁၅ ခုနှစ် မတ် ၂၃ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ပြုလုပ်မှာ ဖြစ်ပါတယ်။
အာရှ ယူ ၂၃ ပြိုင်ပွဲမှာ ပထမ၊ ဒုတိယနဲ့ တတိယရရှိတဲ့ အသင်းတွေဟာ ၂၀၁၆ ခုနှစ် ဘရားဇီး အိုလံပစ်ပြိုင်ပွဲမှာ အာရှ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာပါ။