အာဖရိကဖလား အုပ်စုပွဲစဉ်များ မဲနှိုက်

1.1K
၂၀၁၅ အာဖရိကဖလား ဘောလုံးပြိုင်ပွဲအတွက် အုပ်စုပွဲစဉ်တွေကို ဒီဇင်ဘာ ၃ ရက်နေ့က မဲနှိုက် ဆုံးဖြတ်ခဲ့ပါတယ်။
အုပ်စု (စီ) အယ်ဂျီးရီးယား၊ ဆီနီဂေါနဲ့ တောင်အာဖရိက အသင်းတို့ ကျရောက်နေလို့ အုပ်စုတွေထဲမှာ အကြပ်ဆုံး အုပ်စုလည်း ဖြစ်ပါတယ်။ ဒီအုပ်စုမှာ အယ်ဂျီးရီးယားအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ရှုံးထွက်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာလည်း အာဖရိအသင်းတွေထဲမှာ အမြင့်ဆုံး ဖြစ်ပါတယ်။
အုပ်စု (အေ)မှာ အိမ်ရှင် အီကွေတိုရီရယ် ဂူနီရယ်၊ ကွန်ဂို-ဘရာဇဗယ်လီ၊ ဂါဘွန်နဲ့ ဘာကီနာ ဖာဆိုတို့ ပါဝင်ပါတယ်။ (ဘီ)မှာ ဇမ်ဘီယာ၊ ကွန်ဂို၊ ကာပီ ဗာဒီနဲ့တူနီရှားတို့ ကျရောက်ပြီး နောက်ဆုံး အုပ်စု (ဒီ)မှာ အိုင်ဗရီကို့စ်၊ ဂူနီရာ၊ ကင်မရွန်းနဲ့ မာလီတို့ ကျရောက်နေပါတယ်။ အာဖရိကဖလား ပြိုင်ပွဲကို လာမယ့် ဇန်န၀ါရီ ၁၇ ရက်နေ့မှာ စတင်သွားမှာ ဖြစ်ပါတယ်။