မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်အတွက် လျှောက်ထားနိုင်ပြီ
DVB
·
December 4, 2014
[caption id="attachment_72722" align="alignright" width="359"] လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်[/caption]
မြန်မာနိုင်ငံမှာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်အတွက် ဒီဇင်ဘာ ၂၉ ရက်နေ့ကစပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှာ လာရောက်လျှောက်ထား နိုင်ပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မယ့် ရင်းနှီးမြုပ်နှံ မယ့်သူ၊ ကျွမ်းကျင်ပညာရှင်၊ မြန်မာနိုင်ငံသားဟောင်းတွေနဲ့ သူတို့ရဲ့သွေးသားနီးစပ်တဲ့သူတွေ စလက်ခံပေးမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်က ဒီဇင်ဘာ ၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ ပါတယ်။
ဒါပေမယ့် ပီအာစနစ်ကို အပြည်ပြည်ဆိုင်ရာဒုက္ခသည် အဖြစ်သတ်မှတ်ခြင်းခံရသူ၊ နိုင်ငံတခုခုမှာ နိုင်ငံရေးခိုလှုံခွင့်ရယူထားတဲ့သူနဲ့ ပြည်တွင်း၊ ပြည်ပ ဒါမှမဟုတ် နိုင်ငံတကာပြစ်မှု မှတ်တမ်းမှာ စာရင်းဝင်တဲ့သူတွေ လျှောက်ထားခွင့်မရှိဘူးလို့လည်း ပြောပါတယ်။