
လာမယ့် ဒီဇင်ဘာ ၇ ရက်မှာ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ တရပ်ကို ရန်ကုန်မြို့ မျှော်စင်ကျွန်းမှာ ကျင်းပမှာဖြစ်ပြီး အဓိကပွဲစဉ်အဖြစ် မြန်မာချန်ပီယံ ထွန်းထွန်းမင်းနဲ့ အမေရိကန်နိုင်ငံသား မွေထိုင်းလက်ဝှေ့သမား ဆိုင်းရပ်စ်ဝါရှင်တန်တို့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ထွန်းထွန်းမင်းဟာ မုဒုံသားလက်ဝှေ့ကလပ်မှဖြစ်ပြီး ၀ါရင့်လက်ဝှေ့သမား စောငမန်းကို အနိုင်ယူပြီး မြန်မာပြည်ချန်ပီယံ အဖြစ်ရပ်တည်နေသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ထွန်းထွန်းမင်းက ဆိုင်းရပ်နဲ့ပွဲစဉ်အတွက် ရန်ကုန်မြို့မှာ နေထိုင်ရင်းလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။
ကမ္ဘာ့မွေထိုင်းချန်ပီယံလည်းဖြစ်ခဲ့ဖူးတဲ့ အမေရိကန်လက်ဝှေ့သမား ဆိုင်းရပ်က အသက် ၃၃ နှစ် ရှိပြီး ရန်ကုန်မြို့မှာ စောငမန်းနဲ့ ထိုးဖူးပါတယ်။
ထွန်းထွန်းမင်းနဲ့ ဆိုင်ရပ်စ်တို့ရဲ့ ပွဲစဉ်ကျင်းပမှုအတွက် Air KBZ ကအဓိက ပံ့ပိုးပြီး Air KBZ ရွှေအောင်လံလုပွဲအဖြစ် ကျင်းပမှာပါ။ ဒီပွဲစဉ်ရဲ့ ထူးခြားချက်ကတော့ အမှတ်ပေးစနစ်ကို ကျင့်သုံးမှာဖြစ်ပြီး သရေပွဲမရှိဘဲ အရှုံး အနိုင်အဖြေပေါ်မယ့် ပွဲစဉ်ဖြစ်ပါတယ်။