ဒီဇင်ဘာ ၃ ရက်နေ့ည ပရီးမီးယားလိဂ် ပွဲစဉ် ရလဒ်များ

english-premier-league-technology-social-mediaဗုဒ္ဓဟူးနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ အာစင်နယ်နဲ့ မန်စီးတီးတို့ နိုင်ပွဲ အသီးသီး ရသွားပါတယ်။ လန်ဒန် ဒါဘီ ပွဲစဉ်မှာ ချဲလ်ဆီးက တော့တင်ဟမ် ဟော့စပါးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အနို်င်ဂိုးတွေကို အိမ်ကွင်းမှာ လန်ဒါ ဟာဇက်၊ ဒရော့ဘာနဲ့ ရီမီတို့က သွင်းယူပါတယ်။ ချဲလ်ဆီးအတွက် တော့ ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ စပါးက ပွဲအစ ပိုင်းမှာ ကစားပုံ ပိုကောင်းပြီး အခွင့်အရေးတွေ ရပေမယ့် အသုံးမချနိုင်လို့ ဦးဆောင်ဂိုးနဲ့ လွဲခဲ့ရပါတယ်။ ချဲလ်ဆီးကတော့ ဟာဇက်ရဲ့ ပထမဂိုး ရပြီးနောက်ပိုင်းမှာ ပွဲကို ထိမ်းချုပ် ကစားနိုင်ခဲ့ပါတယ်။ နိုင်ပွဲဆက်တဲ့ ချဲလ်ဆီးက ၃၆ မှတ်နဲ့ အမှတ်ပေး ဇယားကို ဆက်ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးကို ၆ မှတ် ဖြတ်ထား နိုင်လိုက်ပါ တယ်။ မန်စီးတီးကတော့ အဝေးကွင်းမှာ ဆန်းဒါးလန်းကို ၄ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အနိုင်ဂိုးတွေကို အက်ဂွာရို၊ ဂျိုဗက်တစ်နဲ့ ဇာဘယ်လက်တာတို့ သွင်းယူပါတယ်။ တိုက်စစ်မှူး အက်ဂွာရိုအတွက်တော့ ပရီးမီးယားလိဂ်မှာ ၁၄ ဂိုးမြောက် သွင်းယူနိုင်တာ ဖြစ်ပါတယ်။ အာစင်နယ်ကတော့ ၈၉  မိနစ်မှာ သွင်းတဲ့ ဆန်းချက်ရဲ့ တလုံးတည်းသော ဂိုးနဲ့ ဆောက်သမ်တန်ကို အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်လို့ အာစင်နယ်က ၂၃ မှတ်နဲ့ အဆင့် ၆ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up