A d v e r t i s e m e n t With Us

ရန်ကုန်မြို့တွင် ခုံးေ​ကျာ်တံတားသစ် ၃ စင်း တည်​ဆောက်မည်

လှည်းတန်းခုံးကျော်တံတား တည်ဆောက်စဉ်
လာမယ့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့မှာ ခုံးကျော်တံတား ၃ စင်း တည်ဆောက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒီနေ့ ​ပြောကြားလိုက်ပါတယ်။ [caption id="attachment_72707" align="alignright" width="392"]လှည်းတန်းခုံးကျော်တံတား တည်ဆောက်စဉ် လှည်းတန်းခုံးကျော်တံတား တည်ဆောက်စဉ်[/caption] ရန်ကုန်တိုင်း​ဒေသကြီး အစိုးရအဖွဲ့ရဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်း​ဒေသကြီးရဲ့ ရသုံးမှန်း​ခြေ​ ငွေစာရင်း လျာထားချက် လွှတ်​တော်ကို ရှင်းလင်းတင်ပြစဉ် ​ပြောကြားလိုက်တာဖြစ်ပြီး ခုံးကျော်တံတားသစ် တည်​ဆောက်မယ့် ​နေရာ​တွေက​တော့ တာ​မွေမြို့နယ်၊ မရမ်းကုန်းမြို့နယ်နဲ့ ဗဟန်းမြို့နယ်တို့မှာ တည်ဆောက်ဖို့ လျာထားတာပါ။ “တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေနဲ့ အထူးစီမံကိန်းလုပ်ငန်းတွေဖြစ်တဲ့ တာ​မွေမြို့နယ် တာ​မွေခုံး​ကျော်တံတား တည်​ဆောက်ရန်အတွက် ၂၂.၅ ဘီလီယံ၊ မရန်းကုန်းမြို့နယ် ၈ မိုင်လမ်း ဆုံတည်​ဆောက်ရန်အတွက် ၁၆.၄၅ ဘီလီယံ၊ ဗဟန်းမြို့နယ် ကုက္ကိုင်းလမ်းဆုံ ခုံး​ကျော်တံတား တည်​ဆောက်ရန်အတွက် ၁၅.၄ ဘီလီယံလျာထားပါတယ်” လို့ ၀န်ကြီးက ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တွင်း ယာဉ်​ကြောပိတ်ဆို့မှု ရှင်းလင်းဖို့အတွက် ရန်ကုန်မြို့တွင်း အရေးကြီးမီးပွိုင့် ၆၅ ပွိုင့်ကို control center တွေနဲ့ ထိန်းချုပ်ခြင်းလုပ်ငန်းကို အစိုးရနဲ့ ပုဂ္ဂလိကပူး​ပေါင်းပြီး Transpiration လုပ်ငန်းတွေ​ဆောင်ရွက်ဖို့ အစိုးရက စတင်ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းတွေ စတင်​ဆောင်ရွက်ဖို့ ဘီလီယံ ၃၀ လျာထားတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ​တော့ ရန်ကုန်မြို့ ပြည်လမ်း မြေနီကုန်း ခုံးကျော်တံတားကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက်နဲ့တည်ဆောက်​နေတာဖြစ်ပြီး ခန့်မှန်း ကုန်ကျငွေ ကျပ် ၁၆ ဘီလီယံက​နေ ၁၈ ဘီလီယံ ရှိနိုင်တယ်လို့သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up