A d v e r t i s e m e n t With Us

အစိုးရ၀န်ကြီး ၂ ဦးကို အစ္စရေးဝန်ကြီးချုပ် ထုတ်ပယ်

Israel's Defence Minister Yaalon speaks with Prime Minister Netanyahu during a session of the Knesset, the Israeli parliament, in Jerusalemအစ္စရေးဝန်ကြီးချုပ်က သူ့ရဲ့အစိုးရ၀န်ကြီး ၂ ဦးကို ဒီဇင်ဘာ ၂ ရက်နေ့က ထုတ်ပယ်လိုက်ပြီး ရွေးကောက်ပွဲစောခေါ်မယ်လို့ ပြောဆိုပါတယ်။ သူ့အစိုးရထဲမှာ အတိုက်အခံမထားဘူးဆိုပြီး ဘဏ္ဍာရေးဝန်ကြီး Lapid နဲ့ တရားရေးဝန်ကြီး Livni တို့ကို ရာထူးက ထုတ်ပယ်ခဲ့တာပါ။ လွှတ်တော်ကို အမြန်ဆုံးဖျက်သိမ်းပြီး လူထုထောက်ခံမှုကို ရှင်းရှင်းလင်းလင်းသိရအောင် ရွေးကောက်ပွဲ စောခေါ်မယ်လို့ ပြောဆိုပါတယ်။ လက်ရှိ ၀န်ကြီးချုပ် နာသန်ရာဟု (Netanyahu) ရဲ့အစိုးရဟာ ၂၀၁၃ ခုနှစ်အစောပိုင်းက တက်လာခဲ့ပြီး တောက်လျှောက်အကွဲအပြဲဖြစ်ခဲ့တာပါ။ အစိုးရမူဝါဒအပေါ် ညွန့်ပေါင်းအစိုးရအတွင်း အငြင်းပွားမှုတွေဖြစ်ခဲ့ပြီး အခုအဖြုတ်ခံရတဲ့ ၀န်ကြီး ၂ ဦးကတော့ အဓိကဝေဖန်သူတွေ ဖြစ်ကြပါတယ်။ ဘဏ္ဍာရေးဝန်ကြီး Lapid က အခုလို ၀န်ကြီးတွေကို ဖြုတ်ပစ်တာဟာ သူရဲဘောဆန်ပြီး အခြေအနေကို ထိန်းမနိုင်သိမ်းမရဖြစ်နေတယ်ဆိုတာကို ပြသတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုပါတယ်။ တရားရေးဝန်ကြီး Livni ကတော့ နာသန်ရာဟုရဲ့ အစိုးရဟာ အကြမ်းဖက်ဝါဒကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာကို မသိဘူးလို့ ဝေဖန်ပြောဆိုပါတယ်။ နာသန်ရာဟုရဲ့ လက်ယာစွန်းညွန့်ပေါင်းအစိုးရအတွင်း ၂၀၁၅ ခုနှစ်အတွက် ဘတ်ဂျက်ကိစ္စ၊ လူနေမှုစရိတ်ကြီးမြင့်လာတဲ့ကိစ္စ၊ ပါလက်စတိုင်းတွေအပေါ်မူဝါဒ နဲ့ ဂျူးနိုင်ငံသတ်မှတ်ရေးဥပဒေတို့ဟာ အဓိက အငြင်းပွားနေရတဲ့ မူဝါဒတွေဖြစ်နေပါတယ်။ တကယ်လို့ ရွေးကောက်ပွဲကို ပုံမှန်ထက် ၂ နှစ်စောပြီး ကျင်းပမယ်ဆိုရင် အစောဆုံး မတ်လမှာ ကျင်းပနိုင်တယ်လို့ အစ္စရေးမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up