အင်္ဂလန် ပရီးမီးယားလိဂ် မန်ယူ နိုင်ပွဲဆက်

2.8K
အင်္ဂလန် ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်တွေအဖြစ် ဒီကနေ့ ည သန်းခေါင်ကျော် ဒီဇင်ဘာ ၄ ရက် မနက် အစောပိုင်းမှာ ချယ်ဆီးနဲ့ တော်တင်ဟမ်၊ မန်စီးတီးနဲ့ ဆန်းဒါးလန်း၊ အာဆင်နယ်နဲ့ ဆောက်သမ်တန်၊ အယ်ဗာတန်နဲ့ ဟောစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားကြဖို့ရှိနေပါတယ်။
ဒီကနေ့ မနက် အစောပိုင်းက ကန်ခဲ့တဲ့ပွဲစဉ်တွေမှာတော့ မန်ယူက စတုတ် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ကာ ၄ ပွဲမြောက်ဆက်တိုက် အောင်ပွဲခံ သွားပါတယ်။ ဒီပွဲမှာ ဒဏ်ရာကြောင့် အဓိက ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ရွန်နီနဲ့ ဒီမာရီယိုတို့ ပါဝင်မကစားနိုင်ခဲ့ပေမယ့် ဂိုးတွေကို ဖယ်လိုင်နီနဲ့ မာတာတို့က သွင်းပေးခဲ့တာပါ။
လီဗာပူးကတော့ စတီဗင်ဂျာရက်၊ ဟန်ဒါဆန်နဲ့လယ်လာနာတို့ရဲ့ သွင်းဂိုးတွေနဲ့ လက်ကတ်စတာ အသင်းကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် ဇယားမှာ ချယ်ဆီးက ရမှတ် ၃၃ မှတ်နဲ့ ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေပြီး မန်စီးတီးအသင်းက ဒုတိယ၊ ဆောက်သမ်တမ်က တတိယနဲ့ မန်ယူက စတုတ္ထ အသီးသီးရပ်တည်နေပါတယ်။