A d v e r t i s e m e n t With Us

ထိုင်းဘုရင့်မွေးနေ့အကြို ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား

Thai Kingထိုင်းစစ်တပ်ဟာ ဘုရင့်မွေးနေ့အကြို ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဘုရင့်မွေးနေ့ မတိုင်ခင် ၃ ရက်အလို ဒီဇင်ဘာ ၂ ရက်နေ့မှာ ပုံမှန် ပြုလုပ်လေ့ရှိတဲ့ စစ်ရေးပြ ချီတက်ပွဲကို ရောင်စုံတပ်များ စစ်ရေးပြ အခမ်းအနားအဖြစ်လည်း သိကြပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ဆိုရင် န၀မမြောက် ရာမဘုရင် ဘူမိဘော အဒူယာဒတ်ဒ် ဟာ သက်တော် ၈၇ နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ ဘုရင့် သစ္စာခံတပ်၊ ဘုရင့် ကိုယ်ရံတော် တပ်တို့ ချီတက်တဲ့အခမ်းအနားနဲ့ ဘုရင်ကို သစ္စာခံတဲ့အကြောင်း သစ္စာဆိုတဲ့အခမ်းအနားလည်း ပါဝင်ပါတယ်။ ထိုင်းဘုရင်ကြီးဟာ ထိုင်းလူမျိုးတွေရဲ့ ချစ်ခင်လေးစားမှုကို ရရှိသူ ဖြစ်ပြီး အစိုးရ ရုံးတိုင်းမှာသာမက၊ ဈေးခန်းတွေနဲ့ အိမ်တွေမှာလည်း ဘုရင့်ပုံကို ချိတ်ဆွဲထားလေ့ ရှိပါတယ်။ စစ်ရေးပြအခမ်းအနားကို ကြည့်ရူ့အားပေးသူတွေကလည်း ဘုရင်ကြီးရဲ့ ကျန်းမာရေးအတွက် စိုးရိမ်စိတ်နဲ့ အသက်ရှည်ပါစေကြောင်း ဆုတောင်းစကားတွေ ပြောကြပါတယ်။ ဘုရင်ကြီး ဘူမိဘောဟာ ထိုင်းနိုင်ငံကို စုစည်းညီညွတ်ပေးတဲ့ ဖခင်အရာမှာ ရှိပြီး သူရဲ့ ကျန်းမာရေးကို ပြည်သူတွေက စိုးရိမ်ကြပါတယ်၊ အရင်လတုန်းကပဲ  သည်းခြေအိတ် ယောင်တဲ့ ရောဂါကြောင့် ဘန်ကောက်မြို့တော်က စီရီရတ်ဆေးရုံကို တင်ခဲ့ရပြီး ခွဲစိတ် ကုသမှု ခံယူခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up