A d v e r t i s e m e n t With Us

ကိုလံဘီယာသူပုန်များ၏ ဖမ်းဆီးပြန်ပေးဆွဲခံရသည့် စစ်ဗိုလ်ချုပ် ရာထူးက နုတ်ထွက်

Colombian General Ruben Dario Alzate speaks to the media in Bogotaကိုလံဘီယာ သူပုန်တွေရဲ့ ၂ ပတ်ကြာ ဖမ်းဆီးပြန်ပေးဆွဲခံရပြီး ပြန်လွတ်လာတဲ့ ကိုလံဘီယာဗိုလ်ချုပ်ဟာ  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ကိုလံဘီယာတပ်မတော်မှာ သူဟာ သူပုန်တွေရဲ့အဖမ်းခံခဲ့ရတဲ့ကိစ္စကြောင့် ထိခိုက်ခဲ့ ရတယ်။ ၃၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်ကို ရိုသေလေးစားတဲ့အနေနဲ့ သူကို ရာထူးက နုတ်ထွက်ခွင့်ပြုဖို့ တောင်းခံခဲ့တယ်လို့ ဗိုလ်ချုပ် အယ်ဇထီ က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ အဖော် ၂ ဦးနဲ့ သူပုန်နယ်မြေအတွင်း လှေလှော်သွားချိန် သူပုန်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စေ့စပ်ပေးမှုနဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ပြန်လွှတ်လာခဲ့ပါတယ်။ ဆင်းရဲတဲ့ ဒေသခံတွေကို ကူညီဖို့ လုံခြုံရေးစည်းကမ်းကို ဖောက်ဖျက်မိခဲ့တယ်လို့ ဗိုလ်ချုပ်ကိုယ်တိုင်လည်း ၀န်ခံခဲ့ပါတယ်။ ကိုလံဘီယာသမ္မတက ဗိုလ်ချုပ်တဦး ဘယ်လိုကြောင့် သူပုန်တွေရဲ့ ဖမ်းဆီးခံရသလဲဆိုတာကို ကိုလံဘီယာတပ်မတော်ကို ဖြေရှင်းချက်တောင်းခဲ့ပါတယ်။ သူပုန်တွေဟာ ကိုလံဘီယာအစိုးရကို တိုက်ခိုက်နေတာ ရာစုနှစ်ဝက်ရှိပြီးဖြစ်ပြီး ကျူးဘားနိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာ ၂ နှစ်ရှိပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up