ထိပ်တန်း ဂေါက်ပြိုင်ပွဲများကို ယှဉ်ပြိုင်နိုင်ဆဲဟု တိုက်ဂါးဝုဒ်ပြော

ဓာတ်ပုံ - ရိုက်တာ
1.3K
[caption id="attachment_72598" align="alignright" width="299"]
ဓာတ်ပုံ - ရိုက်တာ[/caption]
ထိပ်တန်း ဂေါက်ပြိုင်ပွဲများကို ၀င်ရောက် ယှဉ်ပြိုင်နိုင်သော်လည်း ပထမဆုံး ဂေါက်ရိုက်ချက်ကို တခြားကစားသမားတွေလို ဝေးဝေးမရိုက်နိုင်တော့ဘူးလို့ ယခင်က ကမ္ဘာ အဆင့် နံပတ် ၁ သတ်မှတ်ခံထားရတဲ့ တိုက်ဂါးဝုဒ်က ၀န်ခံပြောဆိုခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ် တိုက်ဂါးဝုဒ်က ဖလော်ရီဒါမှာ ကျင်းပတဲ့ ဝေါလ်ချဲလင်းပြိုင်ပွဲမှာ ပြန်လည် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေကို ဖြေရှင်းနေတဲ့အချိန်မှာ ကမ္ဘာအဆင့် နံပတ် ၁ နေရာကို စွန့်လွတ်ခဲ့ရပြီးတဲ့နောက် ၂၀၁၃ မတ်မှာ ထိပ်တန်းအခြေအနေကို ပြန်ရဖို့အတွက် ဒဏ်ရာတွေကို သူက ကျော်လွှားခဲ့ရပါတယ်။
ဒီနှစ်မှာတော့ သူရဲ့ ဒဏ်ရာပြဿ နာတွေ ပြန်ပေါ်လာပြီး ခွဲစိတ်ခံဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ တိုက်ဂါးဝုဒ်ဟာ အဆင့် ၂၄ နေရာမှာ ရပ်တည်နေပြီး ခန္ဓာကိုယ် သေးသွယ်ပေမယ့် အရှိန်ပြင်းပြင်း ဘယ်လို ရိုက်နိုင်ခဲ့သလို ဆိုတာကို ပြန်လေ့လာဖို့ သူအပျော်တမ်းဘ၀က ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေကို ပြန်ကြည့်နေပါတယ်။