A d v e r t i s e m e n t With Us

ဘိုကိုဟာရမ်စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် ၃၉ ဦး သေဆုံး

Nigeriaနိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်း ယိုဘေပြည်နယ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့က ဘိုကိုဟာရမ်စစ်သွေးကြွတွေ တိုက်ခိုက်မှုကြောင့် လူ ၃၉ ယောက် သေဆုံးခဲ့ပါတယ်။ ရဲ ၃၃ ယောက်နဲ့ စစ်သား ၆ ယောက်ဖြစ်ပြီး ယိုဘေပြည်နယ် ဒါမာတူရူမြို့က စီးနင်းမှုအတွင်း စစ်သွေးကြွအယောက် ၂၀ လည်း သေဆုံးတယ်လို့ ပြောပါတယ်။ အလောင်းတွေ ထပ်ရောက်လာနေတုန်းမို့ သေဆုံးသူအရေအတွက် ပိုများလာမယ်လို့ မျှော်လင့်ထားပါတယ်။ ဒေသခံလုံခြုံရေး သတင်းရင်းမြစ်တွေကတော့ သူပုန်တွေက သူတို့ဘက်က သေတဲ့လူတွေရဲ့အလောင်းတွေကို ပစ်ကပ် ကုန်ကား ၄ စီးနဲ့အပြည့်  ပြန်ကောက် သွားခဲ့တယ်လို့ ပြောပါတယ်။ နိုင်ဂျီးရီးယားစစ်တပ်ကတော့ သူပုန်တွေရဲ့ မနက်ပိုင်းစီးနင်းမှုအပြီး မြို့ထဲကနေ သူပုန်တွေကို မောင်းထုတ်ဖို့ မြေပြင်တပ်တွေနဲ့ လေတပ်ကိုပါ သုံးခဲ့ရတာပါ။ ဘော်နိုပြည်နယ်မြို့တော် မိုင်ဒူဂူရိမှာ ဒီဇင်ဘာ ၁ ရက်နေ့ သီးခြားတိုက်ခိုက်မှုတခု ကြောင့် အနည်းဆုံးလူ ၅ ယောက် သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up