ဟောင်ကောင်ဆန္ဒပြခေါင်းဆောင် ၃ ဦး ယနေ့အဖမ်းခံမည်ဟု ပြောဆို

ဟောင်ကောင် ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူ ၃ ဦးက ဆန္ဒပြပွဲတွေကနေ ပြန်ဆုတ်ခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရဲဆီ အဖမ်းခံမယ်လို့ ပြောဆိုပါတယ်။ Hong Kong 3ဆန္ဒဆက်ပြနေကြတဲ့ ကျောင်းသားတွေကိုလည်း ရဲတွေက အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြဆက်မပြကြတော့ဖို့ တိုက်တွန်းခဲ့ပါတယ်။ တနင်္ဂနွေ၊ တနင်္လာ ၂ ညက ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့ပြီး ရဲတွေက အင်အားသုံးဖြိုခွင်းခဲ့တာပါ။ သူတို့  ၃ ဦး ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရဲဆီ သွားရောက်အဖမ်းသွားခံမှာဖြစ်ပြီး ကျောင်းသားတွေ အနေနဲ့လည်း ယုံကြည်ချက် အသေစွဲကိုင်မထားပဲ လှုပ်ရှားမှုပုံစံပြောင်းဖို့ တိုက်တွန်းပါတယ်လို့ ခေါင်းဆောင်တဦးဖြစ်တဲ့  တိုင် Tai က သတင်းထောက်တွေကို ပြောဆိုပါတယ်။ ဆန္ဒပြကျောင်းသားတွေရဲ့သတ္တိကို တိုင် က ချီးကျူးပြောဆိုခဲ့ပြီး အင်အားသုံးလူစုခွဲခဲ့တဲ့ ဟောင်ကောင်အစိုးရရဲ့ လုပ်ရပ်ကိုလည်း ပြစ်တင်ရှုံ့ချခဲ့ပါတယ်။ ဆန္ဒပြခေါင်းဆောင် ၃ ယောက် အခုလို ကြေညာခဲ့တာကြောင့် ဆန္ဒပြသူတွေက အံ့သြခဲ့ပါတယ်။ သူတို့ ၃ ဦးမှာ ၂ ဦးက တက္ကသိုလ်ပါမောက္ခတွေဖြစ်ကြပြီး တဦးကတော့ သင်းအုပ်ဆရာဖြစ်ပါတယ်။ စင်ထရယ်ကို သိမ်းလှုပ်ရှားမှု၊ အစိုးရအာဏာဖီဆန်ရေးလူထု လှုပ်ရှားမှုကို စတင်ခဲ့ကြသူတွေ ဖြစ်ပေမယ့် နောက်ပိုင်း ကျောင်းသားတွေက ရှေ့တန်းထွက်ခဲ့ကြတာကြောင့် နောက်ကနေပဲ ပါဝင်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up