A d v e r t i s e m e n t With Us

အခြေခံအဆောင်အဦနှင့် ကျွမ်းကျင်ဝန်ထမ်းရှားပါးမှု နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် စိန်ခေါ်မှုဖြစ်

လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)
မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံနဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှုပြဿ    နာတွေက ကြီးမားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာဖို့အတွက်တော့ စိန်ခေါ်မှုတွေပါလို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဒီဗွီဘီကို ပြောဆိုပါတယ်။ [caption id="attachment_32551" align="alignright" width="375"]လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ) လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)[/caption] မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်မှုရှိတယ်ဆိုပေမယ့် လက်ရှိအခြေအနေမှာ တော့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်ဖို့အတွက်တော့ အဆင်သင့် မဖြစ်သေးပါဘူး။ အလားတူဘဲ ကမ္ဘောဒီးယားတက္ကသိုလ်က စီးပွားရေးပညာရှင် ပရော်ဖက်ဆာ ရော်နယ်ဖင်းလေး ကလည်း မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်မှုအားနည်းရတဲ့အကြောင်းက ဥပဒေ လုပ်ထုံးလုပ်နည်းတွေထက် အခြေခံအဆောက်အအုံ မပြည့်စုံမှုနဲ့ ကျွမ်းကျင်ဝန်ထမ်း ရှားပါးမှု စတဲ့ အခက်အခဲတွေကြောင့်ပါလို့ ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ နိုဝင်ဘာလ ၃၀ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ထောက်ပြပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာဖို့အတွက် အစိုးရပိုင်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သတ်ပြီး ယခင်ကထားရှိထားတဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလာတဲ့ အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကိုလည်း အသစ်ပြန်လည်ရေးဆွဲထားပြီးဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကြည့်မယ်ဆိုရင် အခုဘဏ္ဍာနှစ်ရဲ့ ၇ လတာ ကာလ အထိ (ဧပြီ-အောက်တိုဘာ) အမေရိကန်ဒေါ်လာ ၄၁၉၇ သန်း ရရှိထားပြီးတော့ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ ဆက်သွယ်ရေး၊ ဟိုတယ်နဲ့ အိမ်ခြံမြေကဏ္ဍတွေမှာ အများဆုံး ၀င်ရောက် ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up