A d v e r t i s e m e n t With Us

ခရစ်ကက်ကစားပွဲတွင် ဦးခေါင်းကို ဘောလုံးထိမှန် သေဆုံးခဲ့သည့် ကစားသမားဈာပန ကျင်းပ

သြစတြေးလျနိုင်ငံမှာ ခရစ်ကက်ကစားသမားတွေနဲ့ နိုင်ငံတ၀ှမ်းက အရာရှိတွေဟာ နယူးဆောက်ဝေး ပြည်နယ်ထဲက မခ်စဗေလီ မြို့ဆီကို တဖွဲဖွဲနဲ့ သွားနေကြပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့က မမျှော်လင့်ဘဲ သေဆုံးသွားတဲ့ ခရစ်ကက်ကစားသမား ဖိလစ် ဟု့စ် ရဲ့ ဈာပနကို သွားကြတာပါ။ Phillip Hughesအသက် ၂၆ နှစ်အရွယ် ဖိလစ် ဟုစ် ဟာ ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတင်မယ့် နိုင်ငံတကာ ကစားပွဲမှာ ယှဉ်ပြိုင်ဖို့ ပြင်နေတုန်း နိုဝင်ဘာလ ၂၆ ရက်နေ့က ပြည်တွင်း ကစားပွဲတခုမှာ ဦးခေါင်းကို ဘောလုံးထိမှန်ခဲ့ပြီး သေဆုံးခဲ့တဲ့အတွက် သြစတြေးလျ နိုင်ငံမှာသာ တကမ္ဘာလုံးက ကြေကွဲဝမ်းနည်းခဲ့ကြပါတယ်။ ဈာပန အခမ်းအနားကို သူ့ရဲ့ဇာတိမြို့မှာ ဒေသစံတော်ချိန် ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၂ နာရီအချိန်မှာ ကျင်းပဖို့ စီစဉ်ထားပြီး ပရိသတ် ၅ ထောင် ၀န်းကျင် တက်ရောက်ဖွယ် ရှိပါတယ်။ မခ်စဗေလီ မြို့ဟာ ဆစ်ဒနီနဲ့ ဘရစ္စဘိန်းမြို့ကြားက ပင်လယ်ဆိပ်ကမ်းမြို့လေး ဖြစ်ပါတယ်။ ဟုစ်ဟာ ဒီမြို့လေးက ငှက်ပျောသီးနဲ့ အမဲသား ထွက်တဲ့ ယာတောလေးမှာ ကြီးပြင်းခဲ့တာ ဖြစ်ပါတယ်။ မြို့ခံတွေဟာ သြစတြေးလျရဲ့ ကစားပွဲ အရောင်ဖြစ်တဲ့ အစိမ်းရောင်နဲ့ ရွှေရောင် ဖဲပြားလေးတွေကို ချိတ်ရင်း ဟုစ်ကို ဂုဏ်ပြုကြပါတယ်။ ဈာပန အခမ်းအနားကိုတော့ စာသင်ကျောင်း ခန်းမတခုမှာ ပြင်ဆင်ထားပြီး လမ်းသွား လမ်းလာတွေကိုလည်း ပိတ်ထားတယ်လို့ သြစတြေးလျ မီဒီယာတွေက အစီရင်ခံပါတယ်။ ဈာပန အခမ်းအနားကို ရောက်လာသူတွေထဲမှာ သြစတြေး အသင်းလည်း ပါဝင်ပါတယ်။ ၀မ်းနည်းဖွယ် အဖြစ်အပျက်ကြောင့် ဘရစ္စဘိန်းမြို့မှာ ဒီဇင်ဘာလ ၄ ရက်နေ့မှာ အိန္ဒိယနဲ့ ယှဉ်ပြိုင်ရမယ့် ပထမဆုံး ပွဲစဉ်ကိုလည်း ရွေ့ဆိုင်းထားရပါတယ်။ နောက်တပတ် အင်္ဂါနေ့ကျတော့မှ အတ်ဒဲလိတ် မြို့မှာ ပြိုင်ပွဲကို ကျင်းပဖို့ စီစဉ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up