ကချင်ပြည်နယ်အတွက် အနုပညာရှင်များ ရန်ကုန်မြို့တွင် အလှူငွေကောက်ခံ
DVB
·
December 2, 2014
ကချင်ပြည်နယ်က လိုအပ်တဲ့နေရာတွေအတွက် အလှူငွေကောက်ခံမှုကို လူငယ် အနုပညာရှင်တွေနဲ့ We Love Myanmar ပရဟိတအဖွဲ့က ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ အလှူငွေ လိုက်လံကောက်ခံနေကြပါတယ်။
ဒီနေ့မှာတော့ ယုဇန ပလာဇာနဲ့ ဗိုလ်ချုပ်ဈေးတွေမှာ အလှူခံထွက်နေတယ်လို့ ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ အလှမယ် ထားထက်ထက်က ပြောပါတယ်။
ဒါ့အပြင် ကျပ်ငွေ ၅ သိန်းနဲ့ အထက် လှူတဲ့ အိမ်တွေကို အိမ်တိုင်ရာရောက် အလှူငွေ လက်ခံတယ်လို့လည်း သိရပါတယ်။ We Love Myanmar အဖွဲ့ဟာ လူငယ် အနုပညာရှင် ၆၀ ကျော်နဲ့ ပရဟိတလုပ်ဖို့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - ကောင်းထက်ကျော်
[gallery ids="72552,72553,72554,72555,72556,72557"]