A d v e r t i s e m e n t With Us

ဗြိတိန်လွှတ်တော်အမတ်များ ဟောင်ကောင်ကို ၀င်ခွင့်ပြု၊ မပြု ငြင်းပယ်ခွင့်ရှိကြောင်း တရုတ် ပြော

China2ဟောင်ကောင်ရဲ့နိုင်ငံခြားရေး ကိစ္စတွေအတွက် တရုတ် ပြည်မကြီးမှာ တာဝန်ရှိပြီး ပိုင်နက်ထဲ ဘယ်သူ့ကို ဝင်ခွင့်ပြုမယ်ဆိုတာ ဆုံးဖြတ်ဖို့ အခွင့်အရေးအားလုံး တရုတ်လက်ထဲမှာရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဒီဇင်ဘာလ ၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဟောင်ကောင်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး ဗြိတိန်ရဲ့ ကိုလိုနီဟောင်းအနေနဲ့ရော ဒီမိုကရေစီရေး တိုးတက်မှုအတွက်ပါ စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းအဖြစ် ဗြိတိန်လွှတ်တော်အမတ်တွေကို တရုတ်ပိုင်နက်ထဲ ဝင်ခွင့်ပြုရေး ငြင်းဆန်မယ်လို့ လွှတ်တော်ကော်မတီဥက္ကဋ္ဌကပြောအပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ဟွာချန်းယဉ်က သတင်းစာ ရှင်းလင်းပွဲမှာ ခုလိုပြောဆိုလိုက်တာပါ။ နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ ရစ်ချတ် အော့်တာဝေက တရုတ်အစိုးရ ဟာ ထိပ်တိုက်တွေ့မယ့် အပြုအမူတွေနဲ့ တုံ့ပြန်နေခဲ့တယ်လို့ ကြေညာချက်ထဲမှာ ပြောပါတယ်။ ကော်မတီအနေနဲ့  ဟောင်ကောင်ကို တရုတ်ဆီကို လွှဲပေးဖို့ သဘောတူထားတဲ့ အချက်တွေနဲ့ အဲဒီ သဘောတူညီချက်တွေကို ဘယ်လိုအကောင်အထည် ဖော်နေလဲဆိုတာ ပြန်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။ ဟောင်ကောင်မှာတော့  ထောင်နဲ့ချီတဲ့ ဒီမိုကရေစီရေး လိုလားသူတွေက ၂၀၁၇ မှာ ခေါင်းဆောင်သစ်ကို လွတ်လွတ်လပ်လပ် မဲပေးရွေးချယ်ခွင့်ရဖို့အတွက် ဆက်လက် ဆန္ဒပြတောင်း ဆိုနေကြပြီး  ရဲတွေနဲ့ ထိပ်တိုက်တွေ့ကာ ရုန်းရင်းဆန်ခတ် ဖြစ်နေဆဲပါ။

A d v e r t i s e m e n t With Us

More News
Up