A d v e r t i s e m e n t With Us

မသန်စွမ်းအဖွဲ့ မိုင်ပေါင်းများစွာ လက်တွန်းလှည်းဖြင့် ဖြတ်သန်းပြီး မန္တလေးတွင် ပန်းဝင်မည်

ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ မန္တလေးမြို့အထိ မိုင်ပေါင်း ၄၀၀ ကျော်ခရီးကို လက်တွန်းလှည်းတွေနဲ့ ချီတက်သွားတဲ့ မသန်စွမ်းသူများအဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာ မန္တလေးမြို့ကို ရောက်ရှိမှာဖြစ်တယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်း က ပြောပါတယ်။ [caption id="attachment_72525" align="alignright" width="435"]10801551_554298704706463_7444173470846768188_n ဓာတ်ပုံ - မျိုးထွန်း[/caption] မျက်မမြင်တွေ အပါအ၀င် မသန်စွမ်းအယောက် ၄၀ လောက်ဟာ မသန်စွမ်းသူတွေ စိတ်ဓာတ်နဲ့ ကြံ့ခိုင်ရေးမြင့်မားကြောင်း၊ မတူညီတဲ့ မသန်စွမ်းအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှု အင်အားဖြင့်ခိုင်မာကြောင်း၊ မသန်စွမ်းသူတွေ မိမိကိုယ်ကို ယုံကြည်မှု ပိုရှိဖို့နဲ့ မသန်စွမ်းသူတွေ အပေါ် ပြည်သူနဲ့ အစိုးရက ပိုမိုစာနာနားလည် ထောက်ထားဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ရန်ကုန်ကနေ မန္တလေးမြို့ထိ ချီတက်ခဲ့ကြတာပါ။ ခရီးရှည်ချီတက်ရာမှာပါဝင်တဲ့ ၂၄ ဦးထဲက တဦးဖြစ်တဲ့ မသန်စွမ်း အားကစားသမား ကိုကျော်စွာဝင်းက လမ်းခရီးမှာ ကြုံတွေ့ရတာတွေနဲ့ ပတ်သက်လို့ “ လမ်းမှာတော့ ကျနော်တို့ နေတအားပူတဲ့ဒဏ်ကိုတော့ ခံစားရတယ်ဗျာ။ နေအရမ်းပူတော့ နွမ်းတာပေါ့။ လှည်းဝင်ရိုးကြိုးတာတော့ ပြန်ပြင်ရတာတို့ အဲလို အခက်အခဲတော့ ရှိတယ်။ ပရိသတ်တွေကတော့ လမ်းဘေးဝဲယာမှာ တောက်လျှောက်တော့ ကြိုဆိုကြပါတယ်။ ဒေသဆိုင်ရာ ကျန်းမာရေးအဖွဲ့တွေကလည်း ကျနော်တို့ ရောက်တဲ့နေရာမှာ ပြုစု ကုသပေးပါတယ်။ အခက်အခဲ ကြီးကြီးမားမားတော့ မရှိပါဘူး။” မသန်းစွမ်းအဖွဲ့တွေဟာ  နိုဝင်ဘာလ ၁၆ ရက်နေ့ အမျိုးသားနေ့ ကတည်းက ရန်ကုန်က ထွက်ခွာလာတာဖြစ်ပြီး ဒီကနေ့ ဆိုရင် ၁၇ ရက်မြောက်နေ့ မနက်မှာ မန္တလေးတိုင်း၊  မြစ်ငယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီကနေ့  ညနေ ၄ နာရီမှာ မန္တလေး မနော်ရမန်ဥယျာဉ်မှာ ပန်းဝင်မှာဖြစ်ပြီး ညပိုင်းမှာတော့  မျက်မမြင်တီးဝိုင်းကနေပြီး တေးဂီတနဲ့ ဖျော်ဖြေဖို့ ရှိပြီး မသန်စွမ်းမှု ရေးရာတွေကိုလည်း ဟောပြောကြဖို့ရှိတယ်လို့  ရွှေမင်းသားဖောင်ဒေးရှင်းက ဦးမြတ်သူဝင်းက ပြောပါတယ်။ မနက်ဖြန် ဒီဇင်ဘာ ၃ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့ကို ပညာရေးကောလိပ်မှာ ကြိုဆိုဂုဏ်ပြုပွဲလုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up