[caption id="attachment_72519" align="alignright" width="375"]

ဓာတ်ပုံ - EPA[/caption]
ကင်ညာနိုင်ငံ မြောက်ဘက် မန်ဒီရာမြို့ အနီးမှာ သေနတ်သမားတွေက ကျောက်တူးတဲ့ အလုပ်သမား ၃၆ ဦးကို ပစ်သတ်လိုက်တယ်လို့ အကူအညီပေး အလုပ်သမားနဲ့ အရာရှိတွေက ပြောပါတယ်။
မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူတွေ ကွဲသွားပြီးတဲ့နောက် သေနတ်သမားတွေက ဒီဇင်ဘာလ ၂ ရက်နေ့ အစောပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရတဲသူတွေက တဲတွေမှာ အိပ်ပျော်နေတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခဲ့တဲ့ သေနတ်သမား ဘယ်သူ ဘယ်ဝါဆိုတာကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။ မွတ်စလင် မဟုတ်တဲ့ အလုပ်သမားတွေကို ပစ်မှတ်ထားခဲ့ကြတာ ဖြစ်တယ်လို့ ရဲအရာရှိကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြပါတယ်။
ဆိုမာလီယာ အခြေစိုက် အစ္စလာမ္မစ် စစ်သွေးကြွ အယ်လ်ရှာဘတ်အဖွဲ့ကလည်း မွတ်စလင်မဟုတ်တဲ့ လူ ၂၈ ဦးကို အရင်သီတင်းပတ်က သတ်ဖြတ်ခဲ့ပါတယ်။ ၂
၀၁၁ ခုနှစ်နောက်ပိုင်း ပြည်သူစစ်တွေကို တိုက်ခိုက်ဖို့ အတွက် ကင်ညာတပ်ဖွဲ့တွေ နယ်စပ်ကို ပို့ဆောင်ပြီး ကတည်းက ဒီအဖွဲ့က ကင်ညာနိုင်ငံမှာ တိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။