အာဆီယံ မသန်စွမ်း အနုပညာပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် (ဓာတ်ပုံ)





781
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပ ပြုလုပ်တဲ့ အာဆီယံ မသန်စွမ်း အနုပညာပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုကို ဒီဇင်ဘာ ၂ ရက် ဒီနေ့မှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အဆိုပါ ပွဲတော်အခမ်းအနားကို ဒီဇင်ဘာ ၃ ရက်နေ့ ည ၆ နာရီမှာ ၁၀ နာရီထိ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်ရှင်းစင်တာမှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ အမ်စီစီခန်းမမှာ အနုပညာရှင်များနဲ့အတူ မသန်စွမ်း အနုပညာရှင်တွေ ပူးပေါင်း တင်ဆက်မှာပါ။
အာဆီယံဒေသတွင်းနိုင်ငံများနဲ့ ဂျပန်နိုင်ငံမှာ မသန်စွမ်းအနုပညာရှင်များလည်း ပါဝင် ဖျော်ဖြေမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အောင်ကိုမြင့်
[gallery ids="72512,72513,72514,72515,72516"]