ဂျရတ် ကို လီဗာပူးနည်းပြ စာချုပ်သစ်အတွက် ကမ်းလှမ်း

ဓာတ်ပုံ - ရိုက်တာ
719
[caption id="attachment_72502" align="alignright" width="331"]
ဓာတ်ပုံ - ရိုက်တာ[/caption]
လီဗာပူး နည်းပြ ဘရန်ဒန် ရော်ဂျာစ်က အသင်းခေါင်းဆောင် စတီဗင် ဂျရတ်ကို စာချုပ်သစ် အတွက် ကမ်းလှမ်းခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။
နည်းပြက အသက် ၃၄ နှစ်အရွယ် ဂျရတ်ကို အရင်တုန်းကလို ခြေစွမ်းမျိုး မပြနိုင်ပေမယ့်လည်း စာချုပ်သစ်အ တွက် ကမ်းလှမ်းခဲ့တာပါ။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဂျရတ်ကတော့ စာချုပ်သစ်အတွက် စဉ်းစားနေပါတယ်။
ဂျရတ်ဟာ လီဗာပူးရဲ့ အန်ဖီးကလပ်မှာ ကစားနေတာ ၁၆ နှစ် ရှိနေပြီ ဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၇ ရာ နီးပါး ကစားပေးထားပါတယ်။ နည်းပြ ရော်ဂျာကတော့ ဂျရတ်ဟာ ကမ္ဘာ့အဆင့်မီ ကစားသမား ဖြစ်နေသေးကြောင်း ပြောဆိုထားပါတယ်။