အိန္ဒိယနိုင်ငံ ဘာဒွမ်ပေါက်ကွဲမှုနှင့်ပတ်သက်သည့် မြန်မာ ၃ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီး

ဓာတ်ပုံ - Dhaka Metropolitan Police (dmpnews.org)
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဘာဒွမ်ပေါက်ကွဲမှုနဲ့ ဆက်စပ်နေတဲ့ မြန်မာ ၃ ယောက်ကို ဖမ်းဆီးရမိထားပြီလို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ [caption id="attachment_72499" align="alignright" width="342"]ဓာတ်ပုံ - Dhaka Metropolitan Police (dmpnews.org) ဓာတ်ပုံ - Dhaka Metropolitan Police (dmpnews.org)[/caption] အဲဒီ ၃ ယောက်ဟာ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့ RSO နဲ့မြန်မာအခြေစိုက် တခြားအဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒါက္ကာရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီး ခရစ်ရှနာ ပါဒါ ရွိုင်က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပြောပါတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားအစိုးရတို့ဟာ အဲဒီအမှုမှာ ပူးပေါင်းပါဝင်သူတွေကို အရှိန်မြှင့် ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ရာမှာ နယ်စပ်တလျှောက်က မတရားသင်း ကြေညာထားတဲ့ JMB စစ်သွေးကြွအယောက် ၁၀၀ လောက်ကို ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ မြန်မာ ၃ ဦးဆီက စနက်တံ ၅ ခု၊ ဂျဲလ်သုံး ဗုံးလုပ်ပစ္စည်း ၂ ခုနဲ့ ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၅၀၀ တို့ကိုလဲ သိမ်းဆည်းရမိခဲ့ပြီး အိန္ဒိယဘက်က ထောက်လှမ်းရေးသတင်းပေးမှုကြောင့် ဖမ်းမိခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေး ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဖမ်းမိခဲ့တဲ့ ၃ ယောက်ဟာ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့ RSO၊ အာရခန် ရိုဟင်ဂျာ ယူနီယံ(AJU)နဲ့ နယ်သာလန်အခြေစိုက် ဂလိုဘယ် ရိုဟင်ဂျာစင်တာ GRC အဖွဲ့တွေနဲ့လည်း ဆက်နွယ်ပတ်သက်နေတယ်လို့ စုံစမ်းထောက်လှမ်းရေး ဒုတိယ ကော်မရှင်နာ ဆိုင်ဒူရ်ရာမန်က ပြောပါတယ်။ အသက် ၂၂ နှစ်၊ ၂၅ နှစ်နဲ့ ၂၆ နှစ် အသီးသီး ရှိကြတဲ့ အဲဒီ ၃ ယောက်ဟာ ဘာဒွမ်ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး မကြာသေးခင်က အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ခါလစ်မိုဟာမက်ဟာ သူတို့ရဲ့အကြံပေးခေါင်းဆောင် ဖြစ်တယ်လို့ ၀န်ခံထွက်ဆိုကြကြောင်းလည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up