A d v e r t i s e m e n t With Us

ဟောင်ကောင် ကျောင်းသားခေါင်းဆောင် အစာငတ်ခံ ဆန္ဒပြ

ကျာင်းသားခေါင်းဆောင် ကျော့ရွှာဝေါင်က
[caption id="attachment_72484" align="alignright" width="355"]ကျာင်းသားခေါင်းဆောင် ကျော့ရွှာဝေါင်က ကျာင်းသားခေါင်းဆောင် ကျော့ရွှာဝေါင်က[/caption] ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ ကျောင်းသားခေါင်းဆောင် ကျော့ရွှာဝေါင်က အစာငတ်ခံ ဆန္ဒပြမယ်လို့ ဒီဇင်ဘာ ၁ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားတဲ့ ဆန္ဒပြသူတွေက ထီးတွေ ကိုင်ဆောင်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု အဖြစ် အစိုးရဌာနချုပ်ကို ၀ိုင်းဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ် မအောင်မြင်ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး မြို့တော်ဝန်က ပြန်လည် မဆွေးနွေးသရွေး အစားစားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အသက် ၁၈ နှစ်အရွယ် ဝေါင်နဲ့ အတူ အမျိုးသမီး ၂ ဦးလည်း အစာငတ်ခံဆန္ဒပြသွားမယ်လို့ ပြောပါတယ်။ အစိုးရ အဆောက်အအုံက ယာယီပိတ်ခဲ့ရပြီး ဘီဂျင်းက ကျောထောက်နောက်ခံပြုထားတဲ့ ဟောင်ကောင်မြို့တော် အကြီးအကဲက လူထုရဲ့ စိတ်ရှည်သည်းခံမှု လျော့နည်းလာပြီဖြစ်သလို ဥပဒေစိုးမိုးဖို့ ရဲတွေက ပြတ်ပြတ်သားသား လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up