A d v e r t i s e m e n t With Us

၂၀၁၄ အာဖရိက၏ အကောင်းဆုံး ဘောလုံးသမားဆု ရာစီနီ ဘရာဟီမီ ရရှိ

ရာစီနီ ဘရာဟီမီ (ဓာတ်ပုံ - ရိုက်တာ)
[caption id="attachment_72472" align="alignright" width="324"]ရာစီနီ ဘရာဟီမီ (ဓာတ်ပုံ - ရိုက်တာ) ရာစီနီ ဘရာဟီမီ (ဓာတ်ပုံ - ရိုက်တာ)[/caption] ဘီဘီစီက ပေးအပ်တဲ့ ၂၀၁၄ အတွက် အာဖရိကရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရာစီနီ ဘရာဟီမီ ရရှိသွားပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်သမားဟာ အယ်ဂျီးရီးယား ဘောလုံးသမားတွေထဲက ဘီဘီစီက ပေးအပ်တဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ပထမဆုံး ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။ ဘရာဟီမီဟာ လက်ရှိမှာတော့ ပေါ်တူဂီအမှတ်ပေးကလပ် ပေါ်တိုအသင်းမှာ ကစားနေတာပါ။ သူဟာ အယ်ဂျီးရီးယားအသင်းကို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်အောင် အဓိက နေရာကနေ ကူညီခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘီဘီဆုက ပေးအပ်တဲ့ အာဖရိကရဲ့ အကောင်းဆုံး ဘောလုံးသမားကို မန်စီးတီး ကွင်းလယ်သမား ရာရာ တိုရေးက ရရှိထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up