ထိုင်ဝမ်အစိုးရတဖွဲ့လုံး နုတ်ထွက်

ဓာတ်ပုံ - EPA
805
[caption id="attachment_72464" align="alignright" width="336"]
ဓာတ်ပုံ - EPA[/caption]
ထိုင်ဝမ်နိုင်ငံမှာ အာဏာရ ကူမင်တန် (ကေအမ်တီ) ပါတီဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီကနေ့ အစိုးရတဖွဲ့လုံး နုတ်ထွက်သွားပါတယ်။
ကေအိမ်တီ ပါတီဟာ နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပတဲ့ ဒေသဆိုင်ရာရွေးကောက်ပွဲမှာ မြို့တော် တိုင်ပေက မြို့တော်ဝန်ရုံးနေရာအပါအင် နိုင်ငံတ၀န်းမြို့နယ် အတော်များများမှာ အရေးနိမ့် သွားတာဖြစ်ပြီး ၀န်ကြီးချုပ် ကျန်းယိဟွာ ကတော့ ရှုံးနိမ့်မှုအတွက် သူတာဝန်ယူတယ်လို့ ပြောပါတယ်။
