ရုရှားအစိုးရ ကျန်းမာရေးမူဝါဒ အပြောင်းအလဲကို ဆရာဝန်များနှင့် သူနာပြုများ ကန့်ကွက်

ဓာတ်ပုံ - ရိုက်တာ
709
[caption id="attachment_72456" align="alignright" width="388"]
ဓာတ်ပုံ - ရိုက်တာ[/caption]
ရုရှားနိုင်ငံမှာ မော်စကိုမြို့တော်နဲ့ တချို့မြို့တွေမှာ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ သမဂ္ဂ၀င်တွေ နိုဝင်ဘာ ၃၀ ရက်နေ့က အစိုးရကျန်းမာရေးမူဝါဒအပြောင်းအလဲကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
အစီအစဉ်သစ်အရ ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းအင်အားတွေကို လျော့ချပြီး အရည်အချင်းမြင့် ၀န်ထမ်းနည်းနည်းနဲ့ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး အစီအစဉ်တွေကို ပြောင်းလဲဖို့လို့ အစိုးရက ပြောဆိုပြီး ဆရာဝန်တွေကတော့ အစိုးရ ဘတ်ဂျက်လျော့ချတာလို့ ယုံကြည်နေကြတာပါ။
ရုရှားနိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ကမ္ဘာ့ရေနံဈေး ကျနေတာတွေကြောင့် ဘတ်ဂျက်အကျပ်အတည်းနဲ့ ကြုံတွေ့နေပါတယ်။
ရုရှားဘဏ္ဍာရေးဝန်ကြီးက ကမ္ဘာ့ရေနံဈေး ကျနေတာကြောင့် ရုရှားနိုင်ငံဟာ ၁ နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ နစ်နာရတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က ပြောဆိုပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကြောင့်လည်း အမေရိကန်ဒေါ်လာ သန်း ၄၀ လောက် နစ်နာရတယ်လို့လည်း ပြောပါတယ်။
ဆန္ဒပြသူဦးရေ ၁၅၀၀ လောက်ရှိမယ်လို့ ရဲတွေက ပြောပေမယ့် ဆန္ဒပြသူအနည်းဆုံး ၃ ထောင်လောက်ရှိမယ်လို့ ဆန္ဒပြသူတွေက ခန့်မှန်းကြပါတယ်။
ဒီကျန်းမာရေးမူဝါဒအသစ်ကြောင့် လာမယ့် နှစ်ဆန်းပိုင်းမှာ ဆရာဝန် ၁ သောင်းကျော် အလုပ်လျော့ခံရမှာ ဖြစ်ပြီး ဆေးရုံဆေးခန်း ၂၈ ခု ပိတ်မှာ ဖြစ်ပါတယ်။