A d v e r t i s e m e n t With Us

နော်ဝေဘုရင်နှင့် သမ္မတဦးသိန်းစိန်တွေ့ဆုံ

ဓာတ်ပုံ - ဦးရဲထွဋ်
မြန်မာနိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နော်ဝေဘုရင် ဟာရာယ်နဲ့ မိဖုရား ဆွန်ယာတို့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့  ဒီကနေ့ မနက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ [caption id="attachment_72440" align="alignright" width="375"]ဓာတ်ပုံ - ဦးရဲထွဋ် ဓာတ်ပုံ - ဦးရဲထွဋ်[/caption] နော်ဝေဘုရင်နဲ့ မိဖုရားတို့ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့  နိုဝင်ဘာလ ၃၀ ကတည်းက  ရောက်ရှိနေတာ ဖြစ်ပြီး ဒီမနက် သမ္မတနဲ့ တွေ့ဆုံအပြီးမှာ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြတဲ့အပြင်  မြန်မာသမ္မတက နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။ နော်ဝေဘူရင်နဲ့အတူ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ စီးပွားရေးအဖွဲ့တွေ လိုက်ပါလာတာဖြစ်ပြီး  နော်ဝေနိုင်ငံခြားရေးဝန်ကြီးကတော့ မနေ့က ပဲခူးမြို့ကိုသွားရောက်ကာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း။  ကရင်၊ ကရင်နီ၊မွန် စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တာဝန်ရှိသူတွေဆုံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အကူအညီပေး ရေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။ အသက် ၇၇ နှစ် အရွယ်ရှိ နော်ဝေနိုင်ငံ ဘုရင်မင်းမြတ်ဟာ ဒီဇင်ဘာ ၅ ရက်နေ့အထိ မြန်မာနိုင်ငံမှာ နေထိုင်သွားမှာ ဖြစ်ပြီး လူထုအခြေပြုအဖွဲ့တွေ၊ စီပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ စကင်ဒီနေဗီးယန်းဒေသမှာ အချမ်းသားဆုံးနိုင်ငံဖြစ်တဲ့ နော်ဝေနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစဉ်တစိုက် ကူညီ အားပေးခဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up